မိုးညှင်းရဲစခန်းမှ အချုပ်သား (၇) ဦး ကိုဗစ်ပိုး ကူးစက်ခံရ

မိုးညှင်းရဲစခန်းမှ အချုပ်သား (၇) ဦး ကိုဗစ်ပိုး ကူးစက်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ မိုးညှင်းရဲစခန်းတွင် အချုပ်ကျနေသည့် အချုပ်သား (၇) ဦးတွင် ဇူလိုင် ၂၃ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

"မနေ့က အချုပ်သား (၁၃) ယောက်ကိုစစ်တဲ့အထဲမှာ (၇) ယောက်တွေ့တာပေါ့နော်။ အဲကြောင့် ခုလက်ရှိက ပိုးတွေ့တဲ့သူတွေကို အချုပ်သားဆေးကုဆောင်မှာဘဲ ထားထားပါတယ်" ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပိုးကူးစက်ခံထားရသည့် (၇) ဦးတွင် အသက် (၇၆) နှစ်အရွယ် အမျိုးသားတစ်ဦးပါဝင်ပြီး စုစုပေါင်း အမျိုးသား (၅) ဦး၊ အမျိုးသမီး (၂) ဦးဖြစ်သည်။

မိုးညှင်းရဲစခန်းတွင် မြို့နယ်ရဲမှူးဇနီး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးခဲ့သည့်နောက် ဇူလိုင် ၂၁ ရက်တွင် ဆက်စပ်သူ ၄ ဦးတွင် ထပ်မံပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကာ လက်ရှိ မိုးညှင်းရဲစခန်းတွင်း ပိုးကူးစက်ထားသူ (၁၀) ဦးကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။

"ကူးစက်မှုပိုရှိလာတယ်။ ဘာလို့လဲဆိုရင် ရဲဝန်ထမ်းတွေကလည်း လိုက်လံဖမ်းဆီးရတာမျိုးတွေ ရှိနေကြတော့ ထိ‌တွေ့မှု အမြဲလိုလိုရှိနေကြတယ်။ ပိုးကူးစက်တာတော့ ဒီရက်ပိုင်း ပိုများလာတယ်" ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

ပိုးတွေ့လူနာများမှာ ဇူလိုင် (၁) ရက်နေ့မှ ဇူလိုင် (၂၃) ရက်နေ့အထိ မိုးညှင်းမြို့တွင် (၂၅၂) ဦး၊ ဟိုပင်မြို့တွင် (၈၁) ဦး၊ နန့်မွန်းမြို့တွင် (၁၇) ဦး၊ အင်းတော်ကြီးမြို့တွင် (၁) ဦး၊ ပြည်နယ်ပြင်ပမှ ဝင်ရောက်လာသည့် ယာဉ်မောင်းယာဉ်နောက်လိုက် (၆၆) ဦး ရှိခဲ့သည့်အတွက် မိုးညှင်းမြို့နယ်တွင် ပိုးတွေ့ရှိသူ စုစုပေါင်း (၄၁၇) ဦးရှိပြီဖြစ်ကာ သေဆုံးသူ ၂ ဦးရှိပြီဖြစ်သည်။

 
 

 

 

Most read this week

August 4, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာတွင် အလယ်တန်းကျောင်းသားအရွယ် ကလေးများအကြား...
ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...