တောင်ကြီးမြို့နယ် ကိုဗစ်ကြောင့် သေဆုံးလူနာ စံချိန်တင်မြင့်တက်

တောင်ကြီးမြို့နယ် ကိုဗစ်ကြောင့် သေဆုံးလူနာ စံချိန်တင်မြင့်တက်

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့နယ်အတွင်းတွင် ကိုဗစ်ပိုးတွေ့ရှိသူလူနာ တရက်တည်း (၁၀) ဦး သေဆုံးမှုရှိသဖြင့် စံချိန်မြင့်တက်လာကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် တောင်ကြီးမြို့နယ်အတွင်း၌ ကိုဗစ်–၁၉ ကူးစက်ရောဂါကြောင့် သေဆုံးခဲ့ရသူ ၁၁ ဦးရှိပြီး တစ်ရက်တည်းနှင့် အမြင့်ဆုံးအရေအတွက်ကို စံချိန်တင်ခဲ့ကြောင်း သိရသည်။

ထို့အတူ RDT ဖြင့် စစ်ဆေးမှုအရ သျှမ်းပြည်မြို့တော် တောင်ကြီးတွင် ဇူလိုင်လ ၂၂ ရက်၊ ညပိုင်းထိ ကိုဗစ်–၁၉ ပိုးတွေ့သူ ၃၃ ဦးရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် တောင်ကြီးမြို့တွင်း ကိုဗစ်–၁၉ အတည်ပြု ပိုးတွေ့လူနာများသည် စုစုပေါင်း ၁၀၅၃ ဦးထိရှိလာပြီး ယင်းအနက် ဆေးရုံဆင်းခွင့်ရသူ ၂၀၀ ဦးကျော်ခန့်ရှိကာ ၈၀၀ ဦးကျော်ခန့်မှာ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်မှ ဇူလိုင်လ ၂၁ ရက်ထိ တောင်ကြီးမြို့နယ်တစ်ခုလုံး၌ ကိုဗစ်–၁၉ ကူးစက်ရောဂါကြောင့် သေဆုံးသူ ၃၈ ဦးထိရှိလာပြီဖြစ်သည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...