မင်းတပ်မြို့ မီးလောင်မှု လူ ၁ ဦးသေဆုံး

မင်းတပ်မြို့ မီးလောင်မှု လူ ၁ ဦးသေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ယမန်နေ့၊ ဇူလိုင်လ ၂၂ ရက်နေ့ ည ၁၁ နာရီအချိန်က လူနေအိမ်တစ်လုံးမီးလောင်ကျွမ်းမှုကြောင့် လူ ၁ ဦးသေဆုံးသည်ဟု သိရသည်။

“အိမ်က တစ်လုံးပဲမီးလောင်ပါတယ်၊ သားဖ ၂ ယောက်နေတယ်လို့ သိရတယ်၊ ဒီမနက် ရပ်ကွက်မှာရှိတဲ့သူတွေ သွားကြည့်တာ အိမ်အောက်ဖက်နားမှာ လူငယ်တယောက် ဒဏ်ရာရတယ်၊ ခြေလက်တွေလည်း မီးလောင်ခံရတယ်၊ ဆုံးသွားပါတယ်၊ သဂြိုလ်ပြီးသွားပါပြီ၊ ဖခင်ကလည်း ဒဏ်ရာရပြီးတော့ ပုန်းရှောင်တာလား၊ ဆေးကုတာလားဆိုတာ သဲသဲကွဲကွဲ မသိကြသေးဘူး။ အရင်တခေါက် စစ်ဘေးတိမ်းရှောင်ပြီးမှ သွားကြတဲ့သူတွေဆိုတော့ အခုက မြို့ပေါ်ပြန်ရောက်တာ သိပ်မကြာသေးဘူး” ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါမီးလောင်မှုမှာ မင်းတပ်မြို့၊ ဘဝသစ်ရပ်ကွက်၊ စာတိုက်အောက်၊ မှုလွန်ကျောင်းနားကဖြစ်ပြီး ည ၁၁ နာရီအချိန်တွင် သေနတ်သံ ၁၀ ချက်ခန့်ကြားရပြီးနောက် လူနေအိမ်မီးလောင်ခဲ့ခြင်းဖြစ်ကာ ၎င်းသေနတ်သံများကြောင့် မီးငြိမ်းသတ်ရန်အတွက် ဘယ်သူမှမထွက်ရဲဘဲဖြစ်ကြရသည်ဟု သိရသည်။

မီးလောင်သည့်အကြောင်းရင်းကို မသိရသော်လည်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဖက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်မှုကြောင့် မီးသင့်ကာ လောင်ကျွမ်းခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...