ပလက်ဝမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၁၂၂ ဦး ကုသမှုခံယူလျက်ရှိ

ပလက်ဝမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၁၂၂ ဦး ကုသမှုခံယူလျက်ရှိ

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားလျှက်ရှိပြီး ဇူလိုင် (၁) ရက်နေ့မှ ဇူလိုင်လ (၂၂) နေ့အထိ ပိုးတွေ့လူနာ (၁၆၇) ဦးအထိရှိခဲ့ပြီး ယခုလက်ရှိ ကုသမှုခံယူနေသူ (၁၂၂) ဦးရှိသည်ဟု ပလက်ဝမြို့ ပြည်သူ့ဆေးရုံမှ ဒေါက်တာခိုင်ဝင်းကပြောသည်။

"ဒီနေ့က ဆေးရုံဆင်းတာက (၆) ယောက်ရှိတယ်၊ လက်ရှိကုသဆဲက (၁၂၂) ယောက်ရှိတယ်၊ ပိုးတွေ့လူနာတွေမှာ သူတို့အခက်အခဲတွေ့တာကတော့ သူတို့အစားအသောက်က အိမ်ကနေယူလာရတာဆိုတော့ တချို့က ရွာကနေလာတဲ့သူရှိတယ်လေ၊ သူတို့စားဖို့ အရမ်းခက်တယ်၊ စားဖို့ရှာရတယ်၊ ပိုးတွေ့လူနာတွေအတွက် အစားအစာ အဟာရရှိတဲ့ဟာစားဖို့ အခက်အခဲဖြစ်တယ်" ဟု ဒေါက်တာခိုင်ဝင်းကပြောသည်။

ပလက်ဝမြို့နယ်အတွင်းရှိ ကိုဗစ်ပိုးတွေ့လူနာ (၁၆၇) ဦးအနက် (၄၅) ဦးမှာ သက်သာပျောက်ကင်းကာ ဆေးရုံမှဆင်းသွားကြပြီဖြစ်၍ ယခုလက်ရှိ (၁၂၂) ဦး ကုသမှုခံယူနေကြဆဲဖြစ်သည်။

ပိုးတွေ့လူနာများတွင် အသက်ကြီးများနှင့် ရောဂါအခံရှိသူများ တိုးများလာခြင်းကြောင့် အောက်ဆီဂျင်လိုအပ်မှု မြင့်တက်လာကြောင်း ဆရာဝန်ကပြောသည်။

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...