ရွှေကူဆေးရုံကြီးတွင် အောက်စီဂျငထားနိုင်ရေး လူမှုကူညီရေးအဖွဲ့များ ကြိုးပမ်းနေ

ရွှေကူဆေးရုံကြီးတွင် အောက်စီဂျငထားနိုင်ရေး လူမှုကူညီရေးအဖွဲ့များ ကြိုးပမ်းနေ

ရွှေကူမြို့ ပြည်သူ့ဆေးရုံကြီးတွင် Covid-19 လူနာများအတွက် ကျပ်သိန်း ၈၀၀ တန်ဖိုးရှိ အောက်စီဂျင်စက်ရုံထားရှိရန် လူမှုကူညီရေးအဖွဲ့များက ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရသည်။

ဆေးရုံကြီးတွင်ထားရှိမည့် အောက်စီဂျင်စက်ကို တရုတ်နိုင်ငံမှ ဝယ်ယူမည်ဖြစ်ပြီး တစ်နာရီလျှင် အောက်စီဂျင် ၃၀ လီတာ ၆ လုံးထုတ်နိုင်သောစက်ဖြစ်ကြောင်း အောက်စီဂျင်ရရှိရန် လုပ်ဆောင်နေသည့် လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“အောက်စီဂျင်စက်ထားဖို့ အစီအစဉ်ဆွဲနေတုန်းဖြစ်တယ်။ တရုတ်ပြည်မှာ တိုက်ရိုက်လှမ်းဝယ်ဖို့ ဒီကနေ့ဘဲ စာချုပ်လုပ်နေတယ်။ အလှူငွေတွေလည်း ဆက်လက်ကောက်ခံနေဆဲဖြစ်တယ်။ အောက်စီဂျင်စက်ကို စက်ရုံကနေ ဒီကိုရောက်လာဖို့အတွက် ၁၅ ရက်စောင့်ရအုံးမယ်။ ကိုဗစ်လူနာတွေကို အောက်စီဂျင် လုံလောက်မှုရရှိအောင် အမြန်ဆုံးလုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ပြောဆိုသည်။

ရွှေကူမြို့တွင် အောက်စီဂျင်စက်ရရှိအောင် စစ်ကောင်စီက လုပ်ဆောင်နေခြင်းမဟုတ်ဘဲ ရွှေကူ ရပ်မိ/ရပ်ဖများက အောက်စီဂျင်စက်ရရှိရေးကော်မတီဖွဲ့ကာ ဒေသခံအလှူရှင်၊ ရန်ကုန်၊ မန္တလေးနှင့် မြို့နယ်အသီးသီးမှ အလှူရှင်များ၏ ပါဝင်မှုဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ရွှေကူမြို့တွင် ဇူလိုင် ၂၂ ရက်နေ့အထိ ကိုဗစ်ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာ ၃၇၀ ကျော်ရှိလာပြီး အောက်စီဂျင်မလုံလောက်မှုကြောင့် သေဆုံးသွားသည့် ကိုဗစ်လူနာ ၃ ဦးအထိရှိကြောင်း ကိုဗစ်ကာကွယ်ရေး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“အမှန်တိုင်းပြောရရင် ကျနော်တို့ ရွှေကူက အခြေနေဆိုးတယ်လို့ ပြောလို့ရပါတယ်။ ကူးစက်ထားတဲ့လူနာတွေနဲ့ ပြန်လည်ကူးစက်ခံထားရတဲ့ လူနာတွေလည်းအများကြီးရှိပါတယ်။ လာရောက်ပြသတဲ့ လူဦးရေစာရင်းလောက်ပဲ သိရတယ်” ဟု ပြောဆိုသည်။

ကချင်ပြည်နယ်တွင်လည်း ရောဂါကူးစက်မှု အများအပြားဖြစ်နေပြီး အများစုမှာ နေအိမ်တွင် မိမိအစီစဉ်ဖြင့် ကုသနေကြောင်း သိရသည်။

Most read this week

August 4, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာတွင် အလယ်တန်းကျောင်းသားအရွယ် ကလေးများအကြား...
ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...