Published
Thursday, July 22, 2021
ဗန်းမောက်မြို့နယ်တွင် ရက်ပေါင်း ၂၀ ကျော်အတွင်း Covid-19 ကူးစက်သူ ၅၀၀ ကျော်ထိရှိလာ
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်တွင် ရက်ပေါင်း ၂၀ ကျော်အတွင်း Covid-19 ကူးစက်လူနာ ၅၀၀ ကျော်ထိရှိလာခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၁ ရက်နေ့ စစ်ဆေးမှုများအရ စစ်ဆေးသူ ၃၇ ဦးတွင် (၆) ဦး Positive (အတည်ပြုလူနာ) တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဗန်းမောက်မြို့နယ်တွင် Covid-19 ကြောင့် ဇူလိုင်လ ၁၆ ရက်နေ့က အတည်ပြုလူနာတစ်ဦး သေဆုံးခဲ့သည်။
ဗန်းမောက်မြို့နယ်တွင် Covid-19 ရောဂါကူးစက်မှုကို ကိုယ်တွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများလည်း လိုအပ်လျှက်ရှိနေကြောင်း သိရသည်။







