တာမခံမြို့သစ်အတွင်း Covid-19 ကူးစက်မှု မြင့်မားနေပြီး ကျန်းမာရေးဝန်ထမ်းများလည်း မရှိဟုဆို

တာမခံမြို့သစ်အတွင်း Covid-19 ကူးစက်မှု မြင့်မားနေပြီး ကျန်းမာရေးဝန်ထမ်းများလည်း မရှိဟုဆို

ဖားကန့်မြို့နယ် တာမခံမြို့သစ်အတွင်း Covid-19 ကူးစက်မှုမြင့်မားနေပြီး ကျန်းမာရေးဝန်ထမ်းများလည်း မရှိကြောင်း သိရသည်။

“၆၀ လောက်ရှိတယ် ။သေတာက ၁၂ ယောက်လောက်ရှိတယ်။ ဒီနေ့လည်း ၂ ယောက်ရှော (သေ) တယ်။ တော်တော်ဆိုးတဲ့အထဲမှာပါတယ်” ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောသည်။

Covid-19ရောဂါတားဆီးကာကွယ်ရေးနှင့် စစ်ဆေးမှုများကို မေတ္တာနာရေးကူညီမှုအသင်းနှင့် ဒေသခံ ကြက်ခြေနီများက ဆောင်ရွက်ပေးလျက်ရှိနေသည်။

တာမခံတွင် ဆေးခန်းများနှင့် ဆေးဆိုင်များလည်း ပိတ်ထားကြကြောင်း ဒေသခံများထံမှ သိရသည်။

“အခုက မိုးလည်းရွာတော့ နည်းနည်းလည်း စိုစွတ်ပြီးတော့ အဖျားထိမှာလည်း စိုးရိမ်ရတယ် အဖျားထိလို့ ပရာစီတမောလေးသောက်ချင်ရင်တောင် ဆေးဝယ်ဖို့ခက်ခဲတယ် ဆေးခန်းကလည်း မဖွင့်ဘူးကွာ” ဟု ဒေသခံ ကိုကျောက်ဒိုင်က ဆိုသည်။

Covid-19 ကူးစက်ခံရသူများတွင်လည်း ကြက်ခြေနီများလည်းပါဝင်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်ကို Stay at Home အစီအစဉ်၌ ပါဝင်ကြကြောင်း ဇူလိုင်လ ၂၀ ရက်နေ့ညတွင် စစ်ကောင်စီက ကြေညာခဲ့သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...