တာမခံမြို့သစ်အတွင်း Covid-19 ကူးစက်မှု မြင့်မားနေပြီး ကျန်းမာရေးဝန်ထမ်းများလည်း မရှိဟုဆို

တာမခံမြို့သစ်အတွင်း Covid-19 ကူးစက်မှု မြင့်မားနေပြီး ကျန်းမာရေးဝန်ထမ်းများလည်း မရှိဟုဆို

ဖားကန့်မြို့နယ် တာမခံမြို့သစ်အတွင်း Covid-19 ကူးစက်မှုမြင့်မားနေပြီး ကျန်းမာရေးဝန်ထမ်းများလည်း မရှိကြောင်း သိရသည်။

“၆၀ လောက်ရှိတယ် ။သေတာက ၁၂ ယောက်လောက်ရှိတယ်။ ဒီနေ့လည်း ၂ ယောက်ရှော (သေ) တယ်။ တော်တော်ဆိုးတဲ့အထဲမှာပါတယ်” ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောသည်။

Covid-19ရောဂါတားဆီးကာကွယ်ရေးနှင့် စစ်ဆေးမှုများကို မေတ္တာနာရေးကူညီမှုအသင်းနှင့် ဒေသခံ ကြက်ခြေနီများက ဆောင်ရွက်ပေးလျက်ရှိနေသည်။

တာမခံတွင် ဆေးခန်းများနှင့် ဆေးဆိုင်များလည်း ပိတ်ထားကြကြောင်း ဒေသခံများထံမှ သိရသည်။

“အခုက မိုးလည်းရွာတော့ နည်းနည်းလည်း စိုစွတ်ပြီးတော့ အဖျားထိမှာလည်း စိုးရိမ်ရတယ် အဖျားထိလို့ ပရာစီတမောလေးသောက်ချင်ရင်တောင် ဆေးဝယ်ဖို့ခက်ခဲတယ် ဆေးခန်းကလည်း မဖွင့်ဘူးကွာ” ဟု ဒေသခံ ကိုကျောက်ဒိုင်က ဆိုသည်။

Covid-19 ကူးစက်ခံရသူများတွင်လည်း ကြက်ခြေနီများလည်းပါဝင်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်ကို Stay at Home အစီအစဉ်၌ ပါဝင်ကြကြောင်း ဇူလိုင်လ ၂၀ ရက်နေ့ညတွင် စစ်ကောင်စီက ကြေညာခဲ့သည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...