ပုဏ္ဏားကျွန်း အထက်မြတ်လှဲကျေးရွာမှ မြိုလူငယ်တစ်ဦး မိုင်းနင်းမိ၍ ခြေထောက်ပြတ်၊ ဒဏ်ရာပြင်း၍ စစ်တွေဆေးရုံသို့ ယူဆောင်လာ

ပုဏ္ဏားကျွန်း အထက်မြတ်လှဲကျေးရွာမှ မြိုလူငယ်တစ်ဦး မိုင်းနင်းမိ၍ ခြေထောက်ပြတ်၊ ဒဏ်ရာပြင်း၍ စစ်တွေဆေးရုံသို့ ယူဆောင်လာ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲကျေးရွာမှ မြို့လူငယ်တစ်ဦးမှာ ယနေ့ နေ့လယ် ၁၂ နာရီကျော်က မိုင်းနင်းမိ၍ ခြေထောက်ပြတ်ထွက်သွားကာ ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံသို့ ယူဆောင်လာရကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူမှာ မြိုလူမျိုး လူငယ်တစ်ဦးဖြစ်သူ ဦးဘမောင် (၁၆) နှစ်ဖြစ်သည်။

၎င်းသည် ယနေ့နံနက် ၁ဝ နာရီကျော်က ရွာသား ၃ ဦးနှင့်အတူ ရွာနှင့် ခြေလျင်တစ်နာရီခန့်သွားရသည့် နတ်တလင်းတောင်တွင် တောကြက်ကျော့ကွင်းထောင်ထားရာသို့ သွားရောက်ခဲ့ရာမှ မိုင်းနင်းမိခြင်းဖြစ်ကြောင်း အထက်မြတ်လှဲ ကျေးရွာအုပ်ချုပ်ရေးမှူ ဦးလပြည့်အောင်က နိရဥ္စရာသတင်းဌာနအား အတည်ပြုပြောကြားသည်။

“သူ့က အဖော်တွေနဲ့ တောကြက်ကိုင်းထောင်ထားတဲ့နေရာကို သွားတာပါ။ ကျွန်တော်တို့အိမ်နားမှာ သူ့အဖေနဲ့ ရွာသားတွေ သွားထမ်းလာပြီး ချထားတာပါ။ ဆေးရုံတင်သွားပါပြီ” ဟု ပြောသည်။

မိုင်းနင်းမိပြီး ညာခြေထောက် ဒူးအောက်ပိုင်းပြတ်ထွက်သွားကြောင်း ၎င်းကပြောသည်။

အဆိုပါလူနာအား ယိုးတရုတ်နာရေးကူညီမှုကားဖြင့် စစ်တွေဆေးရုံသို့ ယူဆောင်သွားကြောင်း သိရသည်။

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...