ဖားကန့်လမ်း ကာမိုင်းစစ်တပ်ဂိတ် ဖောက်ခွဲတိုက်ခိုက်ခံရ

ဖားကန့်လမ်း ကာမိုင်းစစ်တပ်ဂိတ် ဖောက်ခွဲတိုက်ခိုက်ခံရ

ဖားကန့်မြို့နယ် ကာမိုင်းမြို့အဝင် အာဏာသိမ်းစစ်တပ်နေရာယူထားသည့် စစ်ရေးဂိတ်တစ်ခု ယနေ့နံနက်ပိုင်းက ဖောက်ခွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ယနေ့နံနက် ၇ နာရီဝန်းကျင်ခန့် စစ်ရေးဂိတ်တွင် စစ်သား ၄ ဦးရှိနေသည့် ကင်းတဲအတွင်းသို့ ဆိုင်ကယ်ဖြင့် PDF မှ ဗုံးဖြင့် ဖောက်ခွဲသွားသည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

“PDF က ဆိုင်ကယ်နဲ့ဖြတ်လာပြီး ဂိတ်မှာထိုင်နေတဲ့ စစ်သား ၄ ယောက်ရှိတဲ့ ကင်းတဲကို မိုင်း ၂ လုံး ပစ်ထည့်သွားတယ်တဲ့။ အဲ့ဒီ စစ်သား ၄ ယောက်က အဲ့မှာဘဲ ဆုံသွားတယ်လို့ ပြန်ကြားရတယ်။ ပြီးရင် အနားမှာရှိတဲ့ ကင်းတဲတစ်ချို့လည်း ပျက်စီးသွားတယ်လို့ သိရတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကို ပြောဆိုသည်။

တိုက်ခိုက်ခံရသည့် စစ်တပ်ဂိတ်ကို နံနက် ၁၀ နာရီဝန်းကျင်မှ ရဲနှင့်စစ်သားများက လာရောက်စစ်ဆေးမှုများ ပြုလုပ်သွားကြောင်း သိရသည်။

ကာမိုင်းစစ်တပ်ဂိတ် မိုင်းခွဲခံရမှု မှန်ကန်သော်လည်း စစ်တပ်ဘက်က သေဆုံးမှုကို မသိရကြောင်း ကာမိုင်းအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ယခုလိုပြောသည်။

“မိုင်းခွဲခံရတာက မှန်ပါတယ်။ ထိခိုက်မှုက မရှိပါဘူး။ ဒီမနက် တာဝန်ရှိတဲ့ ရဲနဲ့စစ်သားတွေက ဂိတ်နေရာကို လာရောက်စစ်ဆေးသွားတယ်။ စစ်သား ၄ ယောက် သေတယ်ဆိုတာလည်း မကြားမိပါဘူး။ ပြီးရင် ဂိတ်မှာလည်း ထိခိုက်မှုတွေသိပ်မရှိပါ” ဟု ပြောဆိုသည်။

ဖားကန့်လမ်း ကာမိုင်းမြို့အထွက်ဖြစ်သော အဆိုပါဂိတ် ဖောက်ခွဲတိုက်ခိုက်မှုတွင် KIA ပါဝင်မှုမရှိခဲ့ကြောင်း KIA ရှေ့တန်းသတင်းမှ သိရသည်။

ပြီးခဲ့သည့်အပတ်တွင် ဖားကန့်လမ်းမပေါ် ကျေးရွာ ၄ ခုတွင် အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ခိုက်ခဲ့သည်။

Most read this week

August 4, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာတွင် အလယ်တန်းကျောင်းသားအရွယ် ကလေးများအကြား...
ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...