ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၁၅ ဦးသေဆုံး

ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၁၅ ဦးသေဆုံး

ကလေးမြို့တွင် ယမန်နေ့က ကိုဗစ်ပိုးတွေ့လူနာ ၁၅ ဦးနှင့် အခြားရောဂါဖြင့်သေဆုံးသူ ၃ ဦး စုစုပေါင်း (၁၈) ဦးသေဆုံးကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ထံမှ သိရသည်။

"ဒီနေ့သေဆုံးသူ အားလုံးက (၁၈) ဦးရှိတယ်၊ အဲဒီထဲက Positive (၁၅) ဦးက အိမ်မှာသေဆုံးတယ်၊ သာမန်အခြားရောဂါနဲ့ သေဆုံးတာ (၃) ဦးရှိတယ်၊ ဒီနေ့ အိတ်စွတ်ကွာရန်တင်းစင်တာနဲ့ ပြည်သူ့ဆေးရုံက သေဆုံးတာမရှိဘူး၊ Positive သေဆုံးသူတွေက နေအိမ်မှာပဲ ဆုံးတာများတယ်၊ ရောဂါအခံနဲ့ အသက်ကြီးပိုင်းဖြစ်တယ်" ဟု ကိုဗစ်-၉ ရောဂါကာကွယ်ထိန်းချုပ်ရေး Volunteer မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဇူလိုင်လ (၁) ရက်နေ့မှ (၂၁) ရက်နေ့အထိ ကိုဗစ် Positive အတည်ပြုသေဆုံးသူ (၈၅) ဦးနှင့် သံသယလူနာ (၃၉၆) ဦး စုစုပေါင်း (၅၅၁) ဦး သေဆုံးပြီဟု သိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားခြင်းကြောင့် အောက်ဆီဂျင်မလုံလောက်မှုမှာလည်း ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...