လူနာတင်ယာဉ်အခက်အခဲကြောင့် မင်းတပ်တွင် ရုတ်တရက်ကွယ်လွန်သူတစ်ဦးကို ဆိုင်ကယ်နှင့်သယ်ပြီး သဂြိုလ်

လူနာတင်ယာဉ်အခက်အခဲကြောင့် မင်းတပ်တွင် ရုတ်တရက်ကွယ်လွန်သူတစ်ဦးကို ဆိုင်ကယ်နှင့်သယ်ပြီး သဂြိုလ်

ချင်းပြည်နယ် မင်းတပ်မြို့အရှေ့ပြင်ရပ်ကွက်တွင် ယမန်နေ့ နံနက်ပိုင်းက အမျိူးသားတစ်ဦး ၎င်း၏နေအိမ်တွင် ရုတ်တရက်ကွယ်လွန်ခဲ့ပြီး မင်းတပ် ပရဟိတမိတ်ဆွေအဖွဲ့က လူနာတင်ယာဉ်အခက်အခဲကြောင့် ဆိုင်ကယ်ဖြင့်တင်ဆောင်ကာ သဂြိုလ်ခဲ့ရသည်ဟု သိရသည်။

သေဆုံးသူအမျိူးသားမှာ ဂန့်ဂေါ်ခရိုင်ပညာရေးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဟာထန်းကီးဟု သိရသည်။

“သူက နဂိုကရောဂါအခံရှိသူလို့သိရတယ်၊ ကိုဗစ်နဲ့သေတာတော့မဟုတ်ဘူး၊ ဒါပေမယ့် ကျနော်တို့အနေနဲ့ Safe ဖြစ်အောင် PPE ဝတ်စုံတွေနဲ့ သဂြိုလ်လိုက်တာ၊ မင်းတပ်မှာ ဂရုဏာကွန်ယက်အသင်းရှိတယ်၊ အဲဒီကကားကို ကျနောတို့ချိတ်ဆက်ကြည့်တော့ အလောင်းသယ်လို့ အဆင်ပြေမယ့်ကားမရှိဘူး၊ ဆေးရုံးကကားကလည်း အဆင်မပြေတော့ ဆိုင်ကယ်နဲ့ပဲ သယ်လိုက်တာ" ဟု မင်းတပ် ပရဟိတမိတ်ဆွေအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုလက်ရှိ မင်းတပ်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၇ ဦးရှိသည်ဟု သိရသည်။

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...