လူနာတင်ယာဉ်အခက်အခဲကြောင့် မင်းတပ်တွင် ရုတ်တရက်ကွယ်လွန်သူတစ်ဦးကို ဆိုင်ကယ်နှင့်သယ်ပြီး သဂြိုလ်

လူနာတင်ယာဉ်အခက်အခဲကြောင့် မင်းတပ်တွင် ရုတ်တရက်ကွယ်လွန်သူတစ်ဦးကို ဆိုင်ကယ်နှင့်သယ်ပြီး သဂြိုလ်

ချင်းပြည်နယ် မင်းတပ်မြို့အရှေ့ပြင်ရပ်ကွက်တွင် ယမန်နေ့ နံနက်ပိုင်းက အမျိူးသားတစ်ဦး ၎င်း၏နေအိမ်တွင် ရုတ်တရက်ကွယ်လွန်ခဲ့ပြီး မင်းတပ် ပရဟိတမိတ်ဆွေအဖွဲ့က လူနာတင်ယာဉ်အခက်အခဲကြောင့် ဆိုင်ကယ်ဖြင့်တင်ဆောင်ကာ သဂြိုလ်ခဲ့ရသည်ဟု သိရသည်။

သေဆုံးသူအမျိူးသားမှာ ဂန့်ဂေါ်ခရိုင်ပညာရေးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဟာထန်းကီးဟု သိရသည်။

“သူက နဂိုကရောဂါအခံရှိသူလို့သိရတယ်၊ ကိုဗစ်နဲ့သေတာတော့မဟုတ်ဘူး၊ ဒါပေမယ့် ကျနော်တို့အနေနဲ့ Safe ဖြစ်အောင် PPE ဝတ်စုံတွေနဲ့ သဂြိုလ်လိုက်တာ၊ မင်းတပ်မှာ ဂရုဏာကွန်ယက်အသင်းရှိတယ်၊ အဲဒီကကားကို ကျနောတို့ချိတ်ဆက်ကြည့်တော့ အလောင်းသယ်လို့ အဆင်ပြေမယ့်ကားမရှိဘူး၊ ဆေးရုံးကကားကလည်း အဆင်မပြေတော့ ဆိုင်ကယ်နဲ့ပဲ သယ်လိုက်တာ" ဟု မင်းတပ် ပရဟိတမိတ်ဆွေအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုလက်ရှိ မင်းတပ်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၇ ဦးရှိသည်ဟု သိရသည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...