ရှဒူးဇွပ်ကျေးရွာတွင် ၂ ရက်အတွင်း Covid-19 အတည်ပြုလူနာ ၄၇ ဦးရှိ

ရှဒူးဇွပ်ကျေးရွာတွင် ၂ ရက်အတွင်း Covid-19 အတည်ပြုလူနာ ၄၇ ဦးရှိ

တနိုင်းသွားလမ်း လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ် (Jahtu Zup) ကျေးရွာတွင် ၂ ရက်အတွင်း Covid-19 ပိုးတွေ့အတည်ပြုလူနာ ၄၇ ဦးအထိရှိလာပြီဟု သိရသည်။

ဇူလိုင်လ ၁၉ ရက်နေ့ ၃၅ ဦးကို စစ်ဆေးခဲ့ရာ ၁၅ ဦး ပိုးတွေ့ခဲ့ပြီး၊ ဇူလိုင် ၂၀ ရက်နေ့ ၅၅ ဦးကို ထပ်မံစစ်ဆေးခဲ့ရာ ၂၉ ဦးပိုးတွေ့ပြီး၊ ယနေ့ နံနက်ပိုင်းက ၃ ဦး ထပ်တွေ့သောကြောင့် လက်ရှိ ရှဒူးဇွပ်ကျေးရွာတွင် ပိုးတွေ့ အတည်ပြုလူနာ ၄၇ ဦး အထိရှိနေကြောင်း အုပ်ချုပ်ရေးအဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

“ကျနော်တို့ စစ်ဆေးတာက ၂ ရက်ဘဲရှိသေးတယ်။ စစ်ဆေးမှု ၂ ရက်မှာ ၄၀ ကျော်တွေ့တယ်။ တစ်ချို့က လာမစစ်ကြသေးဘူး။ ဒါက လက္ခဏာပြပြီး လာစစ်တဲ့သူတွေပေါ့။ တစ်ချို့ဆို မိသားစုအလိုက်ဖြစ်ကြတာ” ဟု ပြောဆိုသည်။

ရှဒူးဇွပ်ကျေးရွာတွင် ကျန်းမာရေးနှင့်ပတ်သက်ပြီး ကူညီစောင့်ရှောက်ပေးသည့် ကျန်းမာရေးဝန်ထမ်းများ မရှိသည့်အတွက် ကုသရေးပိုင်းတွင်အခက်အခဲရှိနေပြီး ကိုဗစ်ကူးစက်ခံထားရသူများကို ရှဒူးဇွပ် အ.ထ.က ကျောင်းတွင် နေရာချထားကြောင်း သူကဆက်ဆိုသည်။

လက်ရှိ ရှဒူးဇွပ်ကျေးရွာတွင် ကိုဗစ်ကူးစက်မှုအများဆုံး ဖြစ်ပွားနေသည့်နေရာမှာ စျေး၊ စားသောက်ဆိုင်၊ ရွှေဆိုင်နှင့် လမ်းမကြီးပေါ်ရှိ လူနေအိမ် တို့တွင်ဖြစ်သည်။

ရှဒူးဇွပ်ကျေးရွာမှာ ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စုဝင်ဖြစ်ပြီး ရွှေမှော်ဒေသဖြစ်သောကြောင့် လူမျိုးပေါင်းစု ရွေ့ပြောင်းလုပ်သားများ ဝင်ထွက်နေသော နေရာဒေသတစ်ခုဖြစ်သည်။

Most read this week

August 4, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာတွင် အလယ်တန်းကျောင်းသားအရွယ် ကလေးများအကြား...
ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...