ကသာမြို့အဝင်တွင် စစ်ကောင်စီကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရ

ကသာမြို့အဝင်တွင် စစ်ကောင်စီကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ကသာမြို့အဝင် ပင်းမလွတ်ကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်းက အာဏာသိမ်းစစ်သားများစီးလာသော ကားတစ်စီး ပစ်ခတ် တိုက်ခိုက်ခံရကြောင်း သိရသည်။

ယနေ့ နံနက် ၁၀ နာရီခန့် နဘားဘက်မှ ကသာဘက်သို့ မောင်းလာသော စစ်ကောင်စီ ကားအဖြူတစ်စီးကို ဒေသခံ PDF အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် နာရီဝက်ခန့်ကြာ ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။

“စစ်သားတွေက ကသာနဲ့ နဘားကြားမှာ လုံခြုံရေးယူနေကြတဲ့အဖွဲ့ ဟုတ်တယ်။ အဲ့ဘက်မှာရှိနေတာ ၁ လလောက်ရှိပြီ။ စစ်အင်အားက ခါတိုင်းတွေ့တာက အနည်းဆုံး ၃၀ လောက်ရှိမယ်။ အခုလည်း သူတို့ ကားမှာ ၁၀ ယောက်လောက် ကပ်ပါလာတယ်လို့ကြားတယ်။ PDF က ကြားဖြတ်တိုက်ခိုက်တာဟုတ်တယ်” ဟု ပြောဆိုသည်။

အဆိုပါ ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်က ၇ ဦးထက်မနည်း ထိခိုက်ခဲ့ကြောင်း ထပ်မံသိရသည်။

ထိုသို့  နံနက်ပိုင်း မြို့အဝင်တွင် ပစ်ခတ်ခံရသော အာဏာသိမ်းစစ်တပ်သည် နေ့လည် ၁၂နာရီဝန်းကျင်ခန့်တွင် ကသာမြို့အတွင်း လမ်းများပိတ်ကာ သေနတ်ပစ်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု မြို့ခံတစ်ဦးက KNG ကို ယခုလိုပြောပြသည်။

“မြို့တွင်းမှာ လမ်းတွေပိတ်ပြီး သေနတ်ပစ်ဖောက်ခွဲနေကြတယ်။ ရဲစခန်းကနေ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအထိ လျှောက်ပတ်သွားနေတယ်။ ပြည်သူတွေက တံခါးတွေပိတ်ပြီး အားလုံးအထဲမှာဘဲ အောင်းနေကြတယ်။ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး” ဟု ကသာမြို့ခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

ကသာမြို့တွင် အာဏာသိမ်းစစ်တပ်က ယခုလဆန်းပိုင်းကလည်း ညအချိန်တွင် မြို့ပေါ်ရပ်ကွက်ဘက်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပုံမှန် ပစ်ခတ်ဖောက်မှုများပြုလုပ်နေသောကြောင့် ဒေသခံများ၏ နေအိမ်အချို့ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

ဧရာဝတီမြစ်ဘေးဖြစ်သော ကသာ၊ ရွှေကူ တစ်ကျောတွင် အာဏာသိမ်းစစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသောနေရာဖြစ်သည်။

Most read this week

August 4, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာတွင် အလယ်တန်းကျောင်းသားအရွယ် ကလေးများအကြား...
ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...