ရေကြီးရေလျှံမှုဖြစ်သည့် မိုင်းယောင်းမြို့နယ်ကို ကယ်ဆယ်ရေးပစ္စည်းပို့ရန်ခက်ခဲ

ရေကြီးရေလျှံမှုဖြစ်သည့် မိုင်းယောင်းမြို့နယ်ကို ကယ်ဆယ်ရေးပစ္စည်းပို့ရန်ခက်ခဲ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာများတွင် ရေကြီးရေလျှံဖြစ်ပွားကာ ရေများ ပြန်ကျသွားသော်လည်း အဓိကဆက်သွယ်ထားသည့် တံတားကြိုးသွားသဖြင့် ကယ်ဆယ်ရေးပစ္စည်းပို့ရန် ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။

ဇူလိုင် (၂၀) ရက်နေ့က မိုင်းယောင်းမြို့နယ်ရှိ ဝမ်လွတ်၊ ဝမ်လဲ၊ ဝမ်ဒေ၊ ဝမ်တောင်း၊ ကော့ခွယ်၊ လော့ငိုး စသည့်ရွာများ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျရေများကျဆင်းပြီး နေအိမ်ထဲထိရေဝင်ခဲ့ကြောင်း သိရသည်။

“အဓိက လမ်းပန်းဆက်သွယ်ရေးက တံတားကြိုးသွားတယ်။ အဲ့ ရွှေညောင်ပင်ဘက်သွားတဲ့ ရွာတွေက နည်းနည်း အဆက်သွယ်ပြတ်သွားတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ချင်တယ်ဆိုလို့ရှိရင် အဲ့တံတားထိပ်မှာရပ်ပြီးတော့ လူနဲ့ သယ်ရတာရှိတယ်” ဟု ကယ်ဆယ်ရေးမှာ ပါဝင်ကူညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

ရေကြီးရေလျှံဖြစ်ပြီးနောက် ဒေသခံ၏ စပါးခင်းများရေလွှမ်းခြင်း၊ တိရစ္ဆာန်များ သေဆုံးမှုရှိသော်လည်း လူထိခိုက်ဒဏ်ရာရရှိသူတော့ မရှိကြောင်း သတင်းရရှိသည်။

“ခါတိုင်းကတော့ မိုးတအားရွာရင် တောင်ကျရေ ကျတာတွေရှိတယ်။ ဒီလောက်စိုးစိုးဝါးဝါးက မြင်ဖူးတဲ့အထဲမှာ ဒီတခါ အဆိုးဆုံးပဲ။ မိုးက ၃ ရက်ဆက်တိုက်လောက်ရွာတယ် အဲ့နားဝန်းကျင်က တောင်တွေရှိတော့ တောင်ကျရေဆင်းလာလို့ ဖြစ်သွားတယ်။ လူသေဆုံးမှုတော့မရှိဘူး” ဟု မိုင်းယောင်းဒေသခံတစ်ဦးက ပြောသည်။

မိုးဆက်တိုက်ရွာသွန်းလျှင် သောက်ရေ အခက်အခဲဖြစ်လာနိုင်ပြီး ဝမ်းပျက်ဝမ်းလျောဖြစ်လာမည်ကို စိုးရိမ်ကြောင်းလည်း ဒေသခံများက ပြောသည်။

မိုင်းယောင်းမြို့နယ်ရှိ အဆိုပါ ကျေးရွာများသည် ယခုလို ဖြစ်စဉ်မျိုး ရေကြီးမှုများ မကြုံဖူးကြောင်း သိရှိရသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...