သံလွင်သွေးချင်းသတင်းဌာနမှ အမျိုးသမီးသတင်းထောက် ၃ ဦး အဖမ်းခံရ

သံလွင်သွေးချင်းသတင်းဌာနမှ အမျိုးသမီးသတင်းထောက် ၃ ဦး အဖမ်းခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အခြေစိုက်ထားသည့် သံလွင်သွေးချင်းသတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက် ၂ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။

သံလွင်သွေးချင်း အယ်ဒီတာချုပ် ဒေါ်မြဝန်းရံနှင့် သတင်းထောက် နန်းခင်ဘုန်းသွယ်၊ မဆုမြတ်နိုးတို့ကို ယမန့်နေ့ ဇူလိုင် ၂၀ ည ၇ နာရီတွင် ရှမ်းကွင်းရပ်ကွက်ရှိ နေအိမ်၌ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

“မနေ့ညက ဖမ်းဆီးခံရတာ။ သူတို့နေအိမ်ထဲ ဝင်ဖမ်းသွားတာ။ ဒေါ်မြဝန်းရံနဲ့ သူသမီး ၂ ယောက်ဖမ်းသွားတာ။ သူသမီး ၂ ယောက်လဲ သတင်းထောက်တွေပဲ။ ရဲတွေအများနဲ့ လာဖမ်းသွားတယ်” ဟု တောင်ကြီးမြို့ဒေသခံ အမျိုသမီးတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ ဖမ်းဆီးခံသွားရပြီး လက်ကိုင်ဖုန်း၊ ကင်မရာ၊ Laptop ကွန်ပျူတာများကိုပါ စစ်ကောင်စီမှ ယူဆောင်သွားကြောင်း သိရသည်။

“သူတို့လာဖမ်းသွားပြီးတော့ လက်ကိုင်ဖုန်းတွေပါယူသွားတယ်။ ဖုန်းနဲ့ကွန်ပျူတာ ပါသွားတယ်။ ပြီးတော့ ကင်မရာကော ယူသွားတယ်လို့ပြောတယ်။ ကင်မရာက ၄ လုံးယူသွားတယ်။ သူတို့က ကျန်းမားရေးသိပ်မကောင်းကြဘူး” ဟု သံလွင်သွေးချင်း သတင်းသမာများနှင့် နီးစပ်သူက ပြောသည်။

ထိုသို့ဖမ်းဆီးသွားပြီး လက်ရှိအချိန်တွင် မည်သည်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မသိရှိရသေးပေ။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် သျှမ်းပြည်နယ်တွင် သတင်းထောက် ၈ ဦးမှာ ကမ္ဘောဇသတင်းဌာနမှ နန်းနန်းတိုင်း၊ နန်းဝင်းရီ၊ စိုင်းစည်သူနှင့် ဦးတင်အောင်တို့ဖြစ်ပြီး တာချီလိတ်သတင်းဌာနမှ အလုပ်သင်သတင်းထောက်လုပ်ခဲ့ဖူးသည့် ကိုကျော်ဇင်ဟိန်းကိုလည်း လက်ရှိ အချိန်ထိ ဖမ်းဆီးထားသည်။

စစ်အာဏာသိမ်းပြီးနောက် သတင်းအမှောက်ချရန်အတွက် စစ်ကောင်စီမှ သတင်းဌာန (၇) ခုကို သတင်းထုတ်ဝေခွင့်ပိတ်သိမ်းခဲ့ပြီး သတင်းထောက်များကို ဖမ်းဆီးမှု ပြုလုပ်ခဲ့သည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...