မင်းတပ်မြို့နယ်စပ် ရှိရွှေအောင်သာရွာမှ စစ်ဘေးရှောင် ရွာသူရွာသားများ စားဝတ်နေရေးကိစ္စနဲ့ပတ်သက်၍ လုံလောက်မှု လုံးဝမရှိတော့ကြောင်း သိရ

မင်းတပ်မြို့နယ်စပ် ရှိရွှေအောင်သာရွာမှ စစ်ဘေးရှောင် ရွာသူရွာသားများ စားဝတ်နေရေးကိစ္စနဲ့ပတ်သက်၍ လုံလောက်မှု လုံးဝမရှိတော့ကြောင်း သိရ

မင်းတပ်မြို့နယ် ရွှေအောင်သာရွာမှ စစ်ဘေးရှောင် ရွာသူရွာသားများသည် စား၀တ်နေရေးအတွက် လုံးဝ လုံလောက်မှုမရှိကြောင်းနှင့် အပြင်းအထန် ဒုက္ခရောက်နေကြကြောင်းကို ယင်း စစ်ဘေးရှောင်ပြည်သူတစ်ဦးထံမှ သိရသည်။

"အခု တောထဲမှာပါ၊ စစ်ဘေးရှောင်မင်းတပ်မြို့နယ်ရဲ့ ရွှေအောင်သာရွာက ပြည်သူတွေပါ။ အဲ့မှာ ဇူလိုင်လတုန်းက စစ်ပွဲဖြစ်နေလို့လေ တောထဲမှာ ထွက်ပြေးတာ၊ လူပေါင်းကတော့ ၃၇ ယောက်ရှိတယ်။ စားစရာတွေလည်း လုံးဝကို အဆင်မပြေဘူး၊ အရမ်းဒုက္ခရောက်နေလို့ အကူညီတောင်းချင်လို့ ဖုန်းဆက်တာပါ။ ကျွန်မတို့ ဒုက္ခသည်စခန်းဘက်မှာ သွားဖို့ဆိုရင်လည်း အဆင်မပြေဘူး၊ သွားဖို့ လုက်တဲ့နေရာတွေကလည်း စစ်တပ်တွေပြည့်နေလို့၊ ပြီးရင် အခုက ကိုဗစ်နဲ့က ပြသနာတစ်ခုရှိပြန်ရော၊ လက်မခံကြတော့ဘူး။ တောထဲမှာပဲ ဆင်းဆင်းရဲရဲနဲ့ နေရတာ။ အဓိက,ကတော့ စားဖို့ ဆန်လေးရှိရင်တော့ အဆင်ပြေမှာပဲ၊ အခုက ဆန်တောင်မရှိတော့ဘူး။ ပြီးရင် ညရောက်ရင်တော့ မီးလည်းလိုပြန်ရော၊ ခု ကျွန်မတို့က တောခိုနေကြတာဆိုတော့။ နောက်ထပ် ကလေးတွေလည်း ပါတယ်ဆိုတော့ အထည်အလဲလုပ်တဲ့ခါမှာ အဝတ်တွေလျှော် ဆပ်ပြာမှုန့်တွေ ဘာတွေရယ်၊ ဖိနပ်ကလေးတွေ အဲ့တာလေးတွေလိုတာ။ မီးခြစ်ရယ် သံမီးတွေရယ် အဲ့တာလေးတွေလိုတာ အဓိက,ကတော့လေ" ဟု ပြောသည်။

ပြီးနောက် တောခိုနေကြသော စစ်ဘေးရှောင် ရွာသူရွာသားများသည် ရွာထဲသို့ ပြန်ဝင်ရန် ကြိုးစားနေကြသော်လည်း တစ်ဖန် အခက်ခဲနဲ့ ကြုံနေရကြောင်း ထပ်မံ ပြောသွားသည်။

"အခု ကျွန်မတို့ရွာကို ပြန်သွားမယ်ဆိုရင်လည်း အိမ်တွေက ကျည်ဆံအပေါက်တွေနဲ့ အိမ်တွေလည်း လုံးဝ နေလို့ရမှာမဟုတ်ဘူး၊ အိမ်တွေလည်း အကုန်လုံးပျက်စီးတယ်၊ အထဲမှာရှိတဲ့ ပစ္စည်းတွေ အိုးခွက်ပန်းကန်တွေလည်း မရှိတော့ဘူး။ အိမ်ထဲမှာဆိုရင်တော့ အကုန်လုံး ပုတ်စော်တွေနံလို့ နေဖို့က လုံးဝ အဆင်မပြေတော့ဘူး။ စစ်တပ်တွေလည်း အခု ၃၀၀ ကျော်ထိ ရှိနေကြတယ်လို့ ကြားရတယ်။ ကျွန်မတို့က တောမှာနေတာဆိုတော့ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲတယ်၊ ပြီးရင် မိုးကလည်း ဆက်တိုက်ရွာနေတယ် မိုးရာသီဆိုတော့လေ၊ အဲ့လိုမျိုးတွေနဲ့ ဒုက္ခရောက်ကုန်လို့လေ" ဟု ပြောသည်။

လွန်ခဲ့သော ဇွန်လတွင် မင်းတပ်မြို့ မြို့မိမြို့ဖနှင့် စစ်ကောင်စီတို့သည် နှစ်ဦးနှစ်ဖက် သဘောတူညှိနှိုင်းမှုကိုလည်း ပြုလုပ်ခဲ့ကြပြီး ၄င်းညှိနှိုင်းမှုတွင် စစ်ဘေးရှောင်များသည် ကိုယ့်နေအိမ်သို့ ပြန်လာနိုင်မည့် သဘောတူညီချက်များပါသော်လည်း တစ်ချို့သော စစ်ဘေးရှောင်ပြည်သူများ (ရွာသူရွာသား) များသည် နေအိမ်သို့ ပြန်မရောက်နိုင်သေးကြောင်းလည်း သိရသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...