ကလေးမြို့တွင် ကိုဗစ်သံသယလူနာ ၁၅ ဦးသေဆုံး

ကလေးမြို့တွင် ကိုဗစ်သံသယလူနာ ၁၅ ဦးသေဆုံး

ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဆက်လက်မြင့်တက်နေသည့် ကလေးမြို့တွင် ကိုဗစ်သံသယလူနာ ၁၅ ဦး ယမန်နေ့၊ ဇူလိုင်လ ၂၀ ရက်နေ့က သေဆုံးမှုရှိခဲ့သည်ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ထံမှ သိရသည်။

"ဒီနေ့သေဆုံးသူ အားလုံးက (၁၅) ဦးလို့ပြောရမယ်။ (၂) ဦးက သာမန်အခြားရောဂါနဲ့သေဆုံးတာ။ (၁၃) ဦးကတော့ သံသယလူနာ အဲလိုမှတ်တမ်းပြုရမှာပေါ့။ ဒီနေ့ အိတ်စွတ်ကွာရန်တင်းစင်တာနဲ့ ပြည်သူ့ဆေးရုံက သေဆုံးတာမရှိဘူး။ သေဆုံးသူတွေက နေအိမ်မှာပဲ ဆုံးတာများတယ်။ ရောဂါအခံနဲ့ အသက်ကြီးပိုင်းဖြစ်တယ်" ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး Volunteer မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့ သေဆုံးသူများမှာ ခရစ်ယာန်သချိုင်းတွင် (၂) ဦး၊ ဗုဒ္ဓဘာသာသချိုင်းတွင် (၁၂) ဦးနှင့် ထောက်ကြန့်သချိုင်းတွင် (၁) ဦးရှိကြောင်း သိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဇူလိုင်လ (၁) ရက်နေ့မှ (၂၀) ရက်နေ့အထိ အစိုးရမှ Positive အတည်ပြုသေဆုံးသူ (၇၀) ဦးနှင့် သံသယလူနာ (၃၉၆) ဦး စုစုပေါင်း (၄၆၆) ဦး သေဆုံးသွားပြီဖြစ်သည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားခြင်းကြောင့် အောက်ဆီဂျင်မလုံလောက်မှုမှာလည်း ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...