ကလေးမြို့တွင် ကိုဗစ်သံသယလူနာ ၁၅ ဦးသေဆုံး

ကလေးမြို့တွင် ကိုဗစ်သံသယလူနာ ၁၅ ဦးသေဆုံး

ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဆက်လက်မြင့်တက်နေသည့် ကလေးမြို့တွင် ကိုဗစ်သံသယလူနာ ၁၅ ဦး ယမန်နေ့၊ ဇူလိုင်လ ၂၀ ရက်နေ့က သေဆုံးမှုရှိခဲ့သည်ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ထံမှ သိရသည်။

"ဒီနေ့သေဆုံးသူ အားလုံးက (၁၅) ဦးလို့ပြောရမယ်။ (၂) ဦးက သာမန်အခြားရောဂါနဲ့သေဆုံးတာ။ (၁၃) ဦးကတော့ သံသယလူနာ အဲလိုမှတ်တမ်းပြုရမှာပေါ့။ ဒီနေ့ အိတ်စွတ်ကွာရန်တင်းစင်တာနဲ့ ပြည်သူ့ဆေးရုံက သေဆုံးတာမရှိဘူး။ သေဆုံးသူတွေက နေအိမ်မှာပဲ ဆုံးတာများတယ်။ ရောဂါအခံနဲ့ အသက်ကြီးပိုင်းဖြစ်တယ်" ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး Volunteer မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့ သေဆုံးသူများမှာ ခရစ်ယာန်သချိုင်းတွင် (၂) ဦး၊ ဗုဒ္ဓဘာသာသချိုင်းတွင် (၁၂) ဦးနှင့် ထောက်ကြန့်သချိုင်းတွင် (၁) ဦးရှိကြောင်း သိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဇူလိုင်လ (၁) ရက်နေ့မှ (၂၀) ရက်နေ့အထိ အစိုးရမှ Positive အတည်ပြုသေဆုံးသူ (၇၀) ဦးနှင့် သံသယလူနာ (၃၉၆) ဦး စုစုပေါင်း (၄၆၆) ဦး သေဆုံးသွားပြီဖြစ်သည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားခြင်းကြောင့် အောက်ဆီဂျင်မလုံလောက်မှုမှာလည်း ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...