စစ်ကောင်စီမှ မိသားစုဝင် (၃) ဦး ဖမ်းဆီး၊ ကျပ်သိန်း (၁၅၀) ပေးပြီးသော်လည်း ပြန်မလွှတ်သေး

စစ်ကောင်စီမှ မိသားစုဝင် (၃) ဦး ဖမ်းဆီး၊ ကျပ်သိန်း (၁၅၀) ပေးပြီးသော်လည်း ပြန်မလွှတ်သေး

သျှမ်ပြည်တောင်ပိုင်း တောင်ကြီးမြို့တွင်နေထိုင်သည့် မိသားစုဝင် (၃) ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွားခဲ့ပြီး၊ ပြန်လည်လွှတ်ပေးရန် ကျပ်သိန်း (၁၅၀) ပေးဆောင်ခဲ့သော်လည်း ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း စုံစမ်းသိရသည်။

လွန်ခဲ့သည့် မေ ၃၁ ရက် ညနေ (၃) နာရီတွင် တောင်ကြီးမြို့ ဆေးခန်းသွားပြရန်သွားသည့် ဦးမျိုးဝင်းမောင်းနှင်လာပြီး ဒေါ်ဝင်းမာနှင့် သမီးဖြစ်သူ မသက်ဖူးဇင်တို့၏ မော်တော်ကားကို စစ်ကောင်စီအုပ်စုမှ အကြောင်းပြချက်မရှိတားပြီး ထိုမိသားစုဝင် (၃) ဦးကို ဖမ်းဆီးသွားခဲ့သည်။

ထိုဖမ်းဆီးပြီးနောက် မိသားစုဝင် (၃) ဦး ပြန်လွှတ်ရန်အတွက် စစ်ကောင်စီကို ငွေကျပ် သိန်း (၁၅၀) ပေးဆောင်ခဲ့သော်လည်း ယနေ့ အချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့နေ့က အဖေဖြစ်သူကို ဆေးခန်းပြဖို့သွားကြတာ၊ ရှေ့ကသွားနေတဲ့ စစ်ကားတစ်စီးကို ကျော်ပြီးမောင်းလို့ဆိုပြီး သူတို့ကားကိုတားပြီး မိသားစု တစ်ခုလုံးကို ဖမ်းသွားတော့တာပဲ၊ ဖမ်းပြီးတဲ့နောက်မှာ စစ်သားတစ်ယောက်က မဖူးသက်ဇင်ရဲ့ဖုန်းနဲ့ သူတို့ကိုလွှတ်ပေးစေချင်ရင် တစ်ယောက်ကို သိန်း ၅၀၊ စုစုပေါင်း သိန်း ၁၅၀ ပေးရမယ်ဆိုလို့ ငွေကြေးကိစ္စကို ကျနော်တို့ ပေးပြီးတာတောင် မလွှတ်ပေးသေးဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် မဖူးသက်ဇင်တို့မိသားစုသည် နှစ်လအကြာ ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ်များလည်း ပြတ်တောက်သွားကြောင်း သိရသည်။

“သူတို့ကို ပိုက်ဆံပေးပြီးတဲ့နောက် ဖုန်းပါသိမ်းလိုက်တာထင်တယ်၊ အဲ့ကနေစပြီးတော့ ဘယ်လိုမှ ဆက်သွယ်လို့မရတော့ဘူး၊ သူတို့ကို ဘယ်နေရာမှာခေါ်သွားပြီး ဘယ်လိုဖမ်းထားလဲဆိုတာလည်း မသိရဘူး၊ စုံစမ်းတာလည်း နေရာစုံနေပါပြီ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ဦးဝင်းမောင်တို့မိသားစုသည် တောင်ကြီးမြို့တွင်းတွင် နေထိုင်ကြသူများဖြစ်ကြပြီး ဦးဝင်းမောင်ကိုယ်တိုင် ရောဂါအခံရှိသူတစ်ဦးဖြစ်သည့်အပြင် သမီးဖြစ်သူ မဖူးသက်ဇင်ကလည်း ငယ်ငယ်ကတည်းက နှလုံးအားနည်းတဲ့ ရောဂါအခံရှိနေသည့်အတွက် ၎င်းတို့မိသားစုအတွက် စိုးရိမ်စိတ်ပူနေကြောင်း ၎င်းမိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် တောင်ကြီးမြို့မှ အရပ်သား (၂၀၀) နီးပါး ဖမ်းဆီးခံရကြောင်း သိရသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...