ကန်ပက်လက်မြို့တွင် စားဝတ်နေရေးအခက်အခဲရှိသော အိမ်ထောင်စုများကို ကြက်ခြေနီအဖွဲ့မှ စားသောက်ကုန်များ ထောက်ပံ့ကူညီ

ကန်ပက်လက်မြို့တွင် စားဝတ်နေရေးအခက်အခဲရှိသော အိမ်ထောင်စုများကို ကြက်ခြေနီအဖွဲ့မှ စားသောက်ကုန်များ ထောက်ပံ့ကူညီ

လတ်တလောအခြေအနေများကြောင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ အနီးတဝိုက်ရှိ အိမ်ထောင်စုများမှာ စားဝတ်နေရေး အခက်အခဲရှိနေကြရာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးခွန်ဟုန်ကွီးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် (၁၀) ဦးတို့က အိမ်ထောင်စု (၁) စုလျှင် ဆန် (၁) အိတ်၊ ဆီ (၁) ပိဿာနှင့် ကြက်သွန် (၁) ပိဿာစီဖြင့် အိမ်ထောင်စု (၁၁) စုအား ဇူလိုင်လ (၁၇) ရက်နေ့က သွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြပါသည်။

ယခုကာလတွင် ကန်ပက်လက်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ခြင်း၊ ရောဂါကာကွယ်ရေးပစ္စည်းများထောက်ပံ့ခြင်း၊ အသိပညာပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ရှေးဦးပြုစုခြင်း‌တို့ကို ကန်ပက်လက်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်လျှက်ရှိပါသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...