ကန်ပက်လက်မြို့တွင် စားဝတ်နေရေးအခက်အခဲရှိသော အိမ်ထောင်စုများကို ကြက်ခြေနီအဖွဲ့မှ စားသောက်ကုန်များ ထောက်ပံ့ကူညီ

ကန်ပက်လက်မြို့တွင် စားဝတ်နေရေးအခက်အခဲရှိသော အိမ်ထောင်စုများကို ကြက်ခြေနီအဖွဲ့မှ စားသောက်ကုန်များ ထောက်ပံ့ကူညီ

လတ်တလောအခြေအနေများကြောင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ အနီးတဝိုက်ရှိ အိမ်ထောင်စုများမှာ စားဝတ်နေရေး အခက်အခဲရှိနေကြရာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးခွန်ဟုန်ကွီးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် (၁၀) ဦးတို့က အိမ်ထောင်စု (၁) စုလျှင် ဆန် (၁) အိတ်၊ ဆီ (၁) ပိဿာနှင့် ကြက်သွန် (၁) ပိဿာစီဖြင့် အိမ်ထောင်စု (၁၁) စုအား ဇူလိုင်လ (၁၇) ရက်နေ့က သွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြပါသည်။

ယခုကာလတွင် ကန်ပက်လက်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ခြင်း၊ ရောဂါကာကွယ်ရေးပစ္စည်းများထောက်ပံ့ခြင်း၊ အသိပညာပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ရှေးဦးပြုစုခြင်း‌တို့ကို ကန်ပက်လက်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်လျှက်ရှိပါသည်။

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...