ပလက်ဝမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၁၀၀ ကျော်ထိရှိပြီး အယောက် ၉၀ ကုသမှုခံယူလျက်ရှိ

ပလက်ဝမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၁၀၀ ကျော်ထိရှိပြီး အယောက် ၉၀ ကုသမှုခံယူလျက်ရှိ

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၁၂ ဦးထိရှိခဲ့ပြီး ၂၂ ယောက် ပြန်ကောင်းသွားပြီဖြစ်ကာ ယခုလက်ရှိတွင် အယောက် ၉၀ ကုသမှုခံယူလျှက်ရှိသည်ဟု ပလက်ဝမြို့၊ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာစိုးသက်ဝင်းက ပြောသည်။

“တစ်မြို့နယ်လုံးမှာ ၁၁၂ ဦးရှိတယ်၊ အဲဒီထဲမှာမှ ၂၂ ယောက်ပြန်ကောင်းသွားတယ်၊ လတ်တလော အယောက် ၉၀ က ကုသမှုခံယူနေတယ်၊ အခြေအနေဆိုးတဲ့လူနာမရှိဘူး၊ သေဆုံးလူနာမရှိသေးဘူး" ဟု ဒေါက်တာစိုးသက်ဝင်းက ပြောသည်။

အဆိုပါပိုးတွေ့လူနာများမှာ ပလက်ဝမြို့ပေါ်တွင် ပိုးတွေ့လူနာ ၇၃ ဦး၊ မြိတ်ဝကျေးရွာတွင် ၁၅ ဦးနှင့် ဆမီးမြို့တွင် ၂ ဦးတို့ဖြစ်ကြပြီး ကုသရေးပိုင်းတွင် လတ်တလော အခက်ခဲမရှိသေးကြောင်း ဒေါက်တာက ဆက်ပြောသည်။

“လတ်တလောတော့ အဆင်ပြေတယ်၊ အဆင်ပြေတယ်ဆိုတာက နည်းနည်းတော့ ကြိုစီစဉ်ရတာမျိူးတော့ရှိတယ်၊ ကျနော်တို့ဆီကိုရောက်ဖို့က လမ်းပန်းဆက်သွယ်ရေးက ခက်ခဲတော့ သူများတွေမှာ တစ်လစာလောက်ပေးတောင်းလို့ရှိရင် ကျနော်တို့မှာ ၆ လစာလောက် ပိုတောင်းရတာမျိူးတွေ ပြင်ဆင်ရတာပေါ့၊ နောက်တစ်ခုကတော့ ဒီဘက်ကနေ ကျောက်တော်ကို ရေလမ်းပဲသုံးလို့ရတယ်လေ၊ လူနာလွှဲမယ်ဆိုလို့ရှိရင် အခက်အခဲရှိတာပေါ့၊ စက်လှေဆိုတဲ့ဟာက အကုန်လုံးရောပြီးလိုက်သွားရမှာကိုး၊ ပိုတွေ့လူနာတွေတွဲရမယ်ဆိုတော့ နည်းနည်းအခက်ခဲရှိနိုင်တယ်" ဟု ဒေါက်တာစိုးသက်ဝင်းက ပြောသည်။

ပလက်ဝမြို့ပေါ်ရှိ ကိုဗစ်ပိုးတွေ့လူနာများနှင့် ထိစပ်ပြီး Quarantine ဝင်နေသူ ၁၈၀ ဦးခန့်ရှိပြီး ပလက်ဝမြို့ အ.ထ.က (၁) စာသင်ကျောင်းဆောင်တွင် သီးသန့်ထားရှိသည်ဟုလည်း သိရသည်။

ပလက််ဝမြို့တွင် ပြီးခဲ့သော ဇွန်လဆန်းပိုင်းက ကိုဗစ်ပိုးပြန်လည်တွေ့ရှိလာခဲ့ပြီး ယခုလထဲတွင် ကိုဗစ်ပိုးကူးစက်ခံရမှု မြင့်တက်လာခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများလည်း Quarantine နေရသောကြောင့် ကိုဗစ်-၁၉ ရောဂါကုသရေးအပိုင်းတွင် ဝန်ထမ်းအင်အားအခက်ခဲ ကြုံတွေ့နေရကြောင်းလည်း သိရသည်။

ပလက်ဝမြို့တွင် မြို့နယ် ဆရာဝန် (၂) ဦး၊ သားဖွာဆရာဝန် (၁) ဦး၊ သူနာပြု ဆရာ/ဆရာမ (၂၃) ဦးတို့ရှိကြပြီး မြို့ပေါ်တွင် ရောဂါကူးစက်မှုများသောကြောင့် မြို့အဝင်/အထွက်များတွင် ဂိတ် (၃) ဂိတ်ဖွင့်လှစ်ထားပြီး စစ်ဆေးပေးနေကြောင်း သိရသည်။

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...