မီဇိုရမ်ဝန်ကြီး Pu Robert Romawia က Oxygen Concentrators ၄ လုံးကို ချင်း (ဇိုး) မျိုးနွယ်စုများအတွက် လှူဒါန်း

မီဇိုရမ်ဝန်ကြီး Pu Robert Romawia က Oxygen Concentrators ၄ လုံးကို ချင်း (ဇိုး) မျိုးနွယ်စုများအတွက် လှူဒါန်း

ချင်း (ဇိုး) မျိုးနွယ်စုများ ပေါင်းစည်းရေးအတွက် တတ်အားသရွေ့ကြိုးပမ်းသူ မီဇိုရမ်ပြည်နယ် အားကစားဝန်ကြီး Pu Robert Romawia Royte က မြန်မာနိုင်ငံရှိ ချင်း (ဇိုး) မျိုးနွယ်စုများအတွက် အရေးတကြီးလိုအပ်နေသော Oxygen Concentrators (၄) လုံး လှူဒါန်းခဲ့ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ် အားကစားဝန်ကြီး Pu Robert Romawia က အဆိုပါ Oxygen Concentrators (၄) လုံးကို Zofa Global Network (ZGN) အဖွဲ့မှတဆင့် မြန်မာနိုင်ငံရှိ ချင်း (ဇိုး) မျိုးနွယ်စုများထံ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် အားကစားဝန်ကြီး Pu Robert Romawia Royte တို့ မိသားစုတို့မှ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် ဆန်အိတ် ၃၀၊ အာလူးအိတ် ၃၀၊ သကြားအိတ် ၁၀၊ ဒိုင်းလွပဲအိတ် ၂၀ နှင့် ကြက်သွန်နီ ၅ အိတ်ကိုလည်း လှူဒါန်းခဲ့သည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းအနည်းငယ်ကဘဲ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Zoramthanga နှင့် ပြည်နယ်လွတ်တော်အမတ် Pu Ramthanmawia တို့နှစ်ဦးတို့က စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွက် အောက်စီဂျင်ဗူး ၁၁၉ လုံး လှူဒါန်းခဲ့သည်။

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...