စစ်ကောင်စီနှင့် ကိုဗစ်-၁၉ ဒဏ်ကြား ပြည်သူများစားဝတ်နေရေး ပိုကြပ်တည်းလာ

စစ်ကောင်စီနှင့် ကိုဗစ်-၁၉ ဒဏ်ကြား ပြည်သူများစားဝတ်နေရေး ပိုကြပ်တည်းလာ

စစ်ကောင်စီနှင့် ကိုဗစ်-၁၉ တတိယလှိုင်းဒဏ်ကြား ပြည်သူများ ယခင်ထက် စားဝတ်နေရေးအတွက် ဖြေရှင်းရန် ပိုမိုခက်ခဲလာကြောင်း စုံစမ်းသိရသည်။

ယခင် အရပ်သားအစိုးရ NLD လက်ထက်တွင် ကိုဗစ်-၁၉ ပြန့်ပွားခဲ့သော်လည်း စားဝတ်နေရေးအတွက် ဖြေရှင်းရန်အတွက် နည်းလမ်းများရှိနေသေးကြောင်း လဲချားမြို့ ဈေးသည်တစ်ဦးက ပြောသည်။

“အရင်က ကိုဗစ်ဖြစ်တာက ကျမတို့မြို့ထဲကိုဗစ် ပိုးမပြန့်လာဘူး။ ကျမကပုံမှန် မနက်ဈေးသွားရောင်းလို့ရတယ်။ ရှာစားရတာ လွယ်သေးတာပေါ့။ အခုကျတော့ အာဏာလည်းယူထားတယ်။ ကိုဗစ် အတွက်လည်း ကုပေးမဲ့သူက မရှိသလောက်နည်းသွားပြီး” ဟု သျှမ်းတောင် လဲချားမြို့ ဈေးသည် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယခင် NLD အစိုးရလက်ထက်တွင် ဈေးထဲတွင် ဆရာဝန်များက Mask (နှာခေါင်းစည်း)၊ လက်ဆေးဂျယ်များကို လိုက်လံဖြန့်ပေးသော်လည်း ယခုတွင် မရှိတော့ကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးသည် သျှမ်းပြည်နယ်အတွင်းရှိ မြို့အများစုပေါ်တွင် ပြန့်ပွားလာခဲ့ပြီးသောကြောင့် ပြည်သူများ စားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာကြောင်း သိရသည်။

ထိုနည်းတူ ရာသီထွက်သီးနှံများကိုလည်း ယခင်နှစ်တွေထက် ဈေးမရှိကြောင်း သျှမ်းတောင် နမ့်စမ့်မြို့ နာနတ်သီးခြံပိုင်ရှင်ကပြောသည်။

“ကိုဗစ်လည်း အရမ်းများနေပြီ အလုပ်မဖြစ်ဘူး။ အရင်ကအပြင်ထွက်ဝယ်စားဖူးတဲ့သူကလည်း မထွက်ရဲတော့ဘူးလေ။ ဖောက်သည်တွေလည်း ကိုဗစ် ကြောင့် မယူတော့တာရှိတယ်။ အခုဆို ပုတ်သိုးတာတွေလည်းရှိလာပြီ” ဟု နမ့်စန်မြို့ နာနတ်သီးခြံပိုင်ရှင်တစ်ဦးက ပြောသည်။

ထိုအပြင် ယခင်တွင် နတ်နံသီးတစ်လုံးကို ၅၀၀ ကျပ်အထက်ရောင်းရပြီး ယခုတွင် ၂၀၀ ကျပ်ဖြင့်သာ ရောင်းချနေရကြောင်း သိရသည်။

၂၀၂၀ ခုနှစ်တွင် ကိုဗစ်-၁၉ ပြန့်ပွားမှုကြောင့် Work from home အိမ်နေစနစ်ဖြင့် အလုပ်လုပ်ခဲ့ရသော်လည်း တစ်ဖက်တစ်လမ်းအွန်လိုင်းပေါ်က အပိုဝင်ငွေများကို ရှာနိုင်ခဲ့သေးကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့ပြီး အွန်းလိုင်းပေါ်က ရပ်တည်နေကြသည့် ဈေးသည်များလည်း အခက်ခဲများစွာရှိလာခဲ့ကြောင်း သိရသည်။

“အရင်နှစ်တွေက ရောင်းကောင်းသေးတယ်။ ပစ္စည်းအများယူရောင်းရသေးတယ်။ အဲဒီ စစ်အာဏာလဲသိမ်းလိုက်တော့ ကျမတို့လည်း လမ်းပျောက်သွားတယ်။ အစတော့ သူတို့ အင်တာနက်ပိတ်သေးတယ်လေ။ လန့်သွားတယ်။ ကျမတို့က အင်တာနက်ကနေ လုပ်စားနေကြရတာလေ” ဟု တာချီလိတ်မြို့ အွန်းလိုင်ပေါ်ဈေးရောင်းနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုအပြင် ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် တချို့သောဝန်ထမ်းများတွင်လည်း အလုပ်ရပ်နားခံခဲ့ရကြောင်း တောင်ကြီးမြို့ မုန့်ဆိုင်တွင် အလုပ်လုပ်နေသူက ဆိုသည်။

“ကျနော်တို့ အလုပ်ကပိတ်လိုက်ပြီး။ လက်ထဲမှာပိုက်ဆံလဲ မကျန်တော့ဘူး။ ရွာကိုဘဲပြန်ရမလိုလို၊ ဒီမှာဘဲဆက်နေရမလိုလို ဖြစ်နေတယ်။ ရွာပြန်ရင်လည်း သူများက ကျနော်တို့ကို ကြောက်အုံးမယ်။ လမ်းမှာလည်း မလုံခြုံဘူး” ဟု တောင်ကြီးမြို့ မုန့်ဆိုင်တစ်ခုတွင် အလုပ်လုပ်နေသည့် အမျိုးသားတဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ပိုင် ကုမ္ပဏီ ၆ ခုကို ပိတ်ဆို့အရေးယူခဲ့သည်။

ထိုအပြင် မြန်မာနိုင်ငံတွင် ရင်နှီးမြှပ်နှံထားသည့် စီးပွားရေးများအားလုံး နောက်ဆုတ်ခဲ့ကြပြီး၊ စစ်ကောင်စီအုပ်ချုပ်ခဲ့သည် ၅ လသာအတွင်းမြန်မာနိုင်ငံစီးပွားရေးသည် အနှုတ်လက္ခာ (– ၁၀ ) ထိကျဆင်းလာခဲ့ကြောင်း RFA သတင်းဖော်ပြချက်အရ သိရသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...