ကိုဗစ်-၁၉ ကပ်ဘေးမှလွတ်မြောက်ရန် ဇူလိုင်လကုန် ၃၁ ရက်နေ့အထိ ဆက်လက်ပြီး နေအိမ်ထဲတွင်သာနေထိုင်ကြရန် ထပ်မံပြီး ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ထုတ်ပြန်

ကိုဗစ်-၁၉ ကပ်ဘေးမှလွတ်မြောက်ရန် ဇူလိုင်လကုန် ၃၁ ရက်နေ့အထိ ဆက်လက်ပြီး နေအိမ်ထဲတွင်သာနေထိုင်ကြရန် ထပ်မံပြီး ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ထုတ်ပြန်

ချင်းပြည်နယ် ဖလမ်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်သေဆုံးမှု များနေသည့်အတွက် ဒေသခံများအနေဖြင့် ဇူလိုင်လ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဆက်လက်ပြီး နေအိမ်အပြင်မထွက်ကြရန်နှင့် စျေးဆိုင်များလည်း ဆက်လက်ပိတ်ထားရန် ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံ အမှုတော်ဆောင်များအဖွဲ့က ဇူလိုင်လ ၁၅ ရက်နေ့တွင် ထပ်မံပြီး ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် ကိုဗစ်-၁၉ ဖြင့် သေဆုံးမှုမှာ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လူစုလူဝေးမဖြစ်စေရန် စျေးများကို မဖွင့်လှစ်ဘဲ ဖုန်းဖြင့်မှာယူခြင်းများ လုပ်ဆောင်ရန်နှင့် ကုမဏီအလုပ်လုပ်နေသူများအနေဖြင့်လည်း အလုပ်နားပေးရန် မေတ္တာရပ်ခံထားပါသည်။

ဖလမ်းမြို့တွင် ကိုဗစ် -19 ဖြင့်သေဆုံးမှု စတင်ဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ ၂၃ ရက်နေ့မှစပြီး နေအိမ်အပြင်မထွက်ကြရန် ဖလမ်းခရစ်ယာန် ဂိုဏ်းပေါင်းစုံ အမှုတော်ဆောင်အဖွဲ့မှ စတင်ပြီး မေတ္တာရပ်ခံစာထုတ်ခဲ့သည်။

ကိုဗစ်-၁၉ ကပ်ဘေးမှ ရပ်ရွာဒေသရှိ မိသားစုများလွှတ်မြောက်နိုင်ရန် အရေးကြီးလိုအပ်ချက်မရှိပါက နေအိမ်အပြင်မထွက်ကြရန် ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံ အမှုတော်ဆောင်အဖွဲ့မှ ဘုရားသခင်နာမတော်ဖြင့် မေတ္တာရပ်ခံစာ ထုတ်ပြန်ထားပါသည်။

 
 

 

 

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...