ကိုဗစ်-၁၉ ကပ်ဘေးမှလွတ်မြောက်ရန် ဇူလိုင်လကုန် ၃၁ ရက်နေ့အထိ ဆက်လက်ပြီး နေအိမ်ထဲတွင်သာနေထိုင်ကြရန် ထပ်မံပြီး ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ထုတ်ပြန်

ကိုဗစ်-၁၉ ကပ်ဘေးမှလွတ်မြောက်ရန် ဇူလိုင်လကုန် ၃၁ ရက်နေ့အထိ ဆက်လက်ပြီး နေအိမ်ထဲတွင်သာနေထိုင်ကြရန် ထပ်မံပြီး ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ထုတ်ပြန်

ချင်းပြည်နယ် ဖလမ်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်သေဆုံးမှု များနေသည့်အတွက် ဒေသခံများအနေဖြင့် ဇူလိုင်လ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဆက်လက်ပြီး နေအိမ်အပြင်မထွက်ကြရန်နှင့် စျေးဆိုင်များလည်း ဆက်လက်ပိတ်ထားရန် ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံ အမှုတော်ဆောင်များအဖွဲ့က ဇူလိုင်လ ၁၅ ရက်နေ့တွင် ထပ်မံပြီး ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် ကိုဗစ်-၁၉ ဖြင့် သေဆုံးမှုမှာ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လူစုလူဝေးမဖြစ်စေရန် စျေးများကို မဖွင့်လှစ်ဘဲ ဖုန်းဖြင့်မှာယူခြင်းများ လုပ်ဆောင်ရန်နှင့် ကုမဏီအလုပ်လုပ်နေသူများအနေဖြင့်လည်း အလုပ်နားပေးရန် မေတ္တာရပ်ခံထားပါသည်။

ဖလမ်းမြို့တွင် ကိုဗစ် -19 ဖြင့်သေဆုံးမှု စတင်ဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ ၂၃ ရက်နေ့မှစပြီး နေအိမ်အပြင်မထွက်ကြရန် ဖလမ်းခရစ်ယာန် ဂိုဏ်းပေါင်းစုံ အမှုတော်ဆောင်အဖွဲ့မှ စတင်ပြီး မေတ္တာရပ်ခံစာထုတ်ခဲ့သည်။

ကိုဗစ်-၁၉ ကပ်ဘေးမှ ရပ်ရွာဒေသရှိ မိသားစုများလွှတ်မြောက်နိုင်ရန် အရေးကြီးလိုအပ်ချက်မရှိပါက နေအိမ်အပြင်မထွက်ကြရန် ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံ အမှုတော်ဆောင်အဖွဲ့မှ ဘုရားသခင်နာမတော်ဖြင့် မေတ္တာရပ်ခံစာ ထုတ်ပြန်ထားပါသည်။

 
 

 

 

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...