ဟားခါးမြို့တွင် ကိုဗစ်ပို့တွေ့လူနာ ၂၀၄ ဦးရှိပြီဖြစ်ကြောင်း သိရ

ဟားခါးမြို့တွင် ကိုဗစ်ပို့တွေ့လူနာ ၂၀၄ ဦးရှိပြီဖြစ်ကြောင်း သိရ

ဇွန်လ ၁၀ ရက်မှ ဇူလိုင် ၁၅ ရက်နေ့အထိ ဟားခါးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၀၄ ဦးရှိပြီဖြစ်ကြောင်း ဟားခါးမြို့ ကိုဗစ်ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် သင်းအုပ်ဆရာတစ်ဦးထံမှ သိရသည်။

"ဒီနေ့ ဇူလိုင် ၁၅ ရက်အထိပေါ့နော် ဟားခါးမှာ ကိုဗစ် update ပေါ့နော်၊ စစ်ဆေးခံရတဲ့သူက ၁,၂၇၀ ဦးရှိတယ်၊ နောက် postitive လူနာက ၂၀၄ ဦး၊ ရာခိုင်နှုန်းအားဖြင့်ဆိုရင်တော့ ၁၆.၀၆%၊ သေဆုံးသူကတော့ အရင်တိုင်းပါပဲ ၄ ယောက်ပေါ့" ဟု ပြောသည်။

ဟားခါးမြို့ ကိုဗစ်ကူးစက်ခံရသူများထဲ၌ လက်ရှိ ဟားခါးပြည်သူ့ဆေးရုံတွင် ၈၈ ဦးနှင့် တိုင်းရင်းဆေးရုံတွင် ၁၄ ဦးဟူ၍ စုစုပေါင်း ၁၀၂ ဦး ထားရှိပြီး ကူးစက်ခံရသူ ၉၈ ဦးမှာ ပြန်လည်ကျန်းမာလာကြပြီး ဆေးရုံမှဆင်းပြီဖြစ်ကြောင်း သိရသည်။

 
 

 

 

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...