ဇွန်လ ၁၀ ရက်မှ ဇူလိုင် ၁၅ ရက်နေ့အထိ ဟားခါးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၀၄ ဦးရှိပြီဖြစ်ကြောင်း ဟားခါးမြို့ ကိုဗစ်ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် သင်းအုပ်ဆရာတစ်ဦးထံမှ သိရသည်။
"ဒီနေ့ ဇူလိုင် ၁၅ ရက်အထိပေါ့နော် ဟားခါးမှာ ကိုဗစ် update ပေါ့နော်၊ စစ်ဆေးခံရတဲ့သူက ၁,၂၇၀ ဦးရှိတယ်၊ နောက် postitive လူနာက ၂၀၄ ဦး၊ ရာခိုင်နှုန်းအားဖြင့်ဆိုရင်တော့ ၁၆.၀၆%၊ သေဆုံးသူကတော့ အရင်တိုင်းပါပဲ ၄ ယောက်ပေါ့" ဟု ပြောသည်။
ဟားခါးမြို့ ကိုဗစ်ကူးစက်ခံရသူများထဲ၌ လက်ရှိ ဟားခါးပြည်သူ့ဆေးရုံတွင် ၈၈ ဦးနှင့် တိုင်းရင်းဆေးရုံတွင် ၁၄ ဦးဟူ၍ စုစုပေါင်း ၁၀၂ ဦး ထားရှိပြီး ကူးစက်ခံရသူ ၉၈ ဦးမှာ ပြန်လည်ကျန်းမာလာကြပြီး ဆေးရုံမှဆင်းပြီဖြစ်ကြောင်း သိရသည်။







