ကလေးမြို့တွင် စစ်ကောင်စီနှင့် PDF-Kalay တို့ တိုက်ပွဲဆက်ဖြစ်

ကလေးမြို့တွင် စစ်ကောင်စီနှင့် PDF-Kalay တို့ တိုက်ပွဲဆက်ဖြစ်

ကလေးမြို့နယ်တောင်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့များနှင့် PDF Kalay တပ်ဖွဲ့များ ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ မနက် ၆ နာရီမှစပြီး တိုက်ပွဲပြန်ဖြစ်ပွားပြီး ယခုချိန်ထိ ပစ်ခတ်မှုတွေရှိနေဆဲဟု People's Defence Force (Kalay) တာဝန်ရှိသူတစ်ဦးမှ သိရသည်။

"မနေ့ကနေ စပစ်ကြတာ၊ အခုလည်းပစ်နေကြတာ၊ အရှေ့စည်းရွာဘက်မှာ ကလေးတောင်ပိုင်း သူတို့ဘက်ကဝင်လာလို့ အဲဒါကြောင့်ပစ်လိုက်တာ၊ မနေ့က ပြည်သူဘက်က ၂ ယောက်၊ အားလုံး ၄ ယောက် သေဆုံးတာ၊ ဒီနေ့ကတော့ ကျနော်တို့ဘက်မှာ အကျအရှုံးမရှိသေးဘူး။ ပစ်နေကြတုန်းပဲ" ဟု People's Defence Force (Kalay) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီနှင့် People's Defence Force (Kalay) တို့သည် ယမန်နေ့ကလည်း တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၁၇ ဦးသေဆုံးခဲ့ကြောင်း PDF-Kalay က ထုတ်ပြန်ခဲ့သည်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...