ကလေးမြို့တွင် စစ်ကောင်စီနှင့် PDF-Kalay တို့ တိုက်ပွဲဆက်ဖြစ်

ကလေးမြို့တွင် စစ်ကောင်စီနှင့် PDF-Kalay တို့ တိုက်ပွဲဆက်ဖြစ်

ကလေးမြို့နယ်တောင်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့များနှင့် PDF Kalay တပ်ဖွဲ့များ ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ မနက် ၆ နာရီမှစပြီး တိုက်ပွဲပြန်ဖြစ်ပွားပြီး ယခုချိန်ထိ ပစ်ခတ်မှုတွေရှိနေဆဲဟု People's Defence Force (Kalay) တာဝန်ရှိသူတစ်ဦးမှ သိရသည်။

"မနေ့ကနေ စပစ်ကြတာ၊ အခုလည်းပစ်နေကြတာ၊ အရှေ့စည်းရွာဘက်မှာ ကလေးတောင်ပိုင်း သူတို့ဘက်ကဝင်လာလို့ အဲဒါကြောင့်ပစ်လိုက်တာ၊ မနေ့က ပြည်သူဘက်က ၂ ယောက်၊ အားလုံး ၄ ယောက် သေဆုံးတာ၊ ဒီနေ့ကတော့ ကျနော်တို့ဘက်မှာ အကျအရှုံးမရှိသေးဘူး။ ပစ်နေကြတုန်းပဲ" ဟု People's Defence Force (Kalay) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီနှင့် People's Defence Force (Kalay) တို့သည် ယမန်နေ့ကလည်း တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၁၇ ဦးသေဆုံးခဲ့ကြောင်း PDF-Kalay က ထုတ်ပြန်ခဲ့သည်။

 
 

 

 

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...