ကလေးမြို့တွင် စစ်ကောင်စီနှင့် PDF Kalay တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက် ၁၇ ဦးသေဆုံးဟုဆို

ကလေးမြို့တွင် စစ်ကောင်စီနှင့် PDF Kalay တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက် ၁၇ ဦးသေဆုံးဟုဆို

ကလေးမြို့နယ် တောင်ပိုင်းဘက်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် PDF Kalay တပ်ဖွဲ့များ ဇူလိုင်လ ၁၅ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၁၇) ဦးသေဆုံးပြီး PDF kalay မှာ (၂) ဦးကျဆုံးခဲ့ကြောင်း People's Defence Force (Kalay) မှ ထုတ်ပြန်ထားကြောင်း သိရသည်။

ကလေးမြို့နယ် တောင်ပိုင်းဒေသရှိ တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်နှင့် အရှေ့စည်းရွာများသို့ စစ်ကောင်စီတပ်ဖွဲ့များ

ဝင်ရောက်အကြမ်းဖက်စီးနင်းရန် ဆက်တိုက်ကြိုးပမ်းခဲ့ရာ အဆိုပါရွာများ အနီးဝန်းကျင်နယ်မြေတဝိုက်တွင် PDF (Kalay) တပ်ဖွဲ့များနှင့် ထိတွေ့မှု တောက်လျှောက်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

PDF (Kalay) တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ဖွဲ့များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ရင်ဆိုင်တိုက်ပွဲဆင်နွဲခြင်းများဖြင့် တုံ့ပြန်ခဲ့ရာ ညနေ ၇ နာရီခွဲအချိန်ခန့်ထိ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း PDF (Kalay) တပ်ဖွဲ့များမှ စစ်ကောင်စီတပ်သား အနည်းဆုံး ၁၇ ဦးကို အပြီးအပြတ် ချေမှုန်းနိုင်ခဲ့သော်လည်း PDF (Kalay) မှ ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦးလည်း ထပ်မံကျဆုံးခဲ့သည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့များက ကျောက်ဖူးနှင့် အရှေ့စည်းရွာများတွင် တပ်စွဲထားဆဲဖြစ်သောကြောင့် အနီးဝန်းကျင်နယ်မြေမှ ပြည်သူများအနေဖြင့် လုံခြုံရေးအသိ၊ သတိရှိစွာဖြင့် သွားလာနေထိုင်ကြပါရန် မေတ္တာရပ်ခံသတိပေးထားကြောင်း People's Defence Force (Kalay) မှ ထုတ်ပြန်ထားကြောင်း သိရသည်။

 
 

 

 

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...