ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသူ ဒါရိုက်တာတစ်ဦးကို ဖမ်းဆီး

ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသူ ဒါရိုက်တာတစ်ဦးကို ဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့အခြေစိုက် Microfilm ဒါရိုက်တာ မြတ်ကျော်သူငြိမ်းကို ဇူလိိုင်လ ၁၃ ရက်နေ့က စစ်ကောင်စီတပ်မှ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း ၎င်းနှင့်ရင်းနှီးသူမိတ်ဆွေအချို့ထံမှ သိရသည်။

ဇူလိုင် ၁၃ ရက်နေ့ညက ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရချိန်တွင် မြတ်ကျော်သူငြိမ်းသည် COVID-19  ရောဂါပိုး ကူးစက်ခံထားရပြီး မိသားစုဝင်အချို့လည်း ကူးစက်ခံထားကြောင်း ၎င်းမိတ်ဆွေတစ်ဦးက အတည်ပြုပြောသည်။

မြတ်ကျော်သူငြိမ်းကို ၅၀၅ ဖြင့် ဖမ်းဆီးသွားသည်ဆိုသော်လည်း ရဲအချုပ်ကို ခေါ်သွားခြင်းမဟုတ်ဘဲ ၁၁၃ တပ်ရင်း စစ်ကြောရေးကို ညတွင်းချင်း ဖမ်းဆီးခေါ်သွားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“စစ်တပ်စစ်ကြောရေးခေါ်သွားတယ်ဆိုလို့ သေသွားပြီဆိုပြီး မနက်ပိုင်းမှာ သတင်းထွက်လာသေးတယ်။ အခုထိ အတည်ပြုလို့ရသေးဘူး။ သူက ဘယ်သူကိုမှ ဒုက္ခမပေးဘူး။ လူချစ်လူခင်များတယ်။ သူဝါသနာပါတဲ့ အနုပညာ သူလုပ်နေတာ။ ကိုဗစ်လည်းဖြစ်နေတော့ စိုးရိမ်တယ်“ ဟု ၎င်း ကပြောသည်။

ဒါရိုက်တာ မြတ်ကျော်သူငြိမ်း ရိုက်ကူးတည်းဖြတ်သည့် The Answer (အဖြေ) ဇာတ်ကားသည် တတိယမြန်မာလူငယ် မိုက်ခရိုဖလင်ပြိုင်ပွဲ (3rd Myanmar Youth Microfilm) တွင် နှစ်သိမ့်ဆုရဖူးသည်။

Microfilm ဆိုသည်မှာ သတင်းစာများ၊ စာရွက်စာတမ်းများ၊ အသေးစိတ်ရိုက်ချက်များ ရိုက်ကူးထားသည့် ဓါတ်ပုံများထည့်သွင်းထားသော ရုပ်ရှင်ကိုခေါ်သည်။

 
 

 

 

August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...
ဓာတ်ပုံ - AFP (ပုံဟောင်း)
August 7, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခုတွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား စစ်ရေး...
August 6, 2026
ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင်...