ဖားကန့်တွင် တိုက်ခိုက်မှုများ တနေ့ထဲ အများအပြားဖြစ်ပွား

ဖားကန့်တွင် တိုက်ခိုက်မှုများ တနေ့ထဲ အများအပြားဖြစ်ပွား

ဖားကန့်မြို့နယ်အတွင်း တနင်္လာနေ့က ဗုံးကွဲမှု၊ ရဲကားတိုက်ခိုက်ခံရမှုနှင့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွင်းရှိ ယူမန်ကျေးရွာအနီးတွင် ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၈ နာရီကျော်အချိန်ခန့်က စစ်ကောင်စီ၏ လက်အောက်ခံ ရဲကားတစ်စီးကို KIA က တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒီရဲကားကို KIA က တိုက်ခိုက်တာလို့ပြောတယ်။ အစတော့ မိုင်းခွဲတိုက်ခိုက်တာဟုတ်တယ်။ ပြီးတော့ ခနကြတော့ သေနတ်သံတွေ ပြန်ကြားရတယ်။ အသံတွေတော့ ကြားနေရတာ။ ဖြစ်တာတော့ ဟုတ်တယ်။ အသေးစိတ်တော့ မသိဘူး။ ရဲကားက မနက်တိုင်း ဖြတ်သွားဖြတ်လာ သွားနေကြ။ အဲ့ဒါ မနေ့ကလည်း အဲ့လိုလာတဲ့အချိန်မှာ ကျောင်းမရောက်ခင်မှာ တိုက်ခိုက်ခံရတာမျိုးပေါ့နော်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ ရဲကားတိုက်ခိုက်ခံရသည့်အချိန်နှင့် မရှေ့မနှောင်းတွင် ယူမန်ကျေးရွာရှိ စာသင်ကျောင်းအနီးတွင်လည်း ထိုနေ့နံနက်ပိုင်းက ဗုံးနှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

အခြားဒေသခံတစ်ဦးက “ဗုံးလည်းကွဲတယ် ကျောင်းနားမှာပါ။ အဲ့ဘက်မှာက ဗုံးကွဲသံ နှစ်ချက်ကြားတယ်။ ရဲကားတွေ တိုက်ခိုက်ခံရတာလည်း သိပ်မဝေးဘူးဗျ။ တခါတည်းဖြစ်တာလား ဗုံးကွဲလို့ ရဲတွေက ရောက်လာတာလား ဘာလားတော့ သေချာမသိဘူး။ အဲ့နားမှာ စစ်ကားရော၊ ရဲကားရောက သွားလိုက်လာလိုက် ဟုတ်တယ်ဗျ” ဟု ပြောသည်။

အလားတူ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်း ၉ နာရီအချိန်ခန့်က ကချင်လွတ်လပ်ရေးတပ်မတော် တပ်ရင်း ၆ နယ်မြေဖြစ်သည့် ဖားကန့်နှင့် ဆိုင်းတောင်ကြားတွင် သွားလာနေသည့် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက် ထိခိုက်ဒဏ်ရာရရှိမှုများရှိသည်ဟု အဆိုပါဒေသအတွင်းမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“အဲ့ဒီအနီးတဝိုက်မှာ လှုပ်ရှားနေတဲ့ ဗမာစစ်တပ်ကို KIA က တားဆီးပစ်ခတ်တယ်။ ခြုံခိုတိုက်ခိုက်ခဲ့တယ်။ ဗမာစစ်တပ်က ကားတွေနဲ့တက်လာတာကို KIA က ပစ်ခတ်ခဲ့တဲ့အခါမှာ ဗမာစစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရတာရှိတယ်။ အသေးစိတ်ကို မသိရသေးဘူး” ဟု ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရပြီး နောက်နေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင်လည်း ဖားကန့်၊ ယူမန်ကျေးရွာထဲတွင် စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးအတွက် လှည့်လည်သွားလာနေသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲနှင့် ရဲကားတိုက်ခိုက်ခဲ့ရသည့် ဖြစ်စဉ်အပြင် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁)

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...