ပင်လုံမြို့ ကိုဗစ်-၁၉ မြင့်တက်မှုနေသည့်ကြား လောင်းကစားနှင့် KTV ဆိုင်များ ဖွင့်လှစ်နေဆဲ

ပင်လုံမြို့ ကိုဗစ်-၁၉ မြင့်တက်မှုနေသည့်ကြား လောင်းကစားနှင့် KTV ဆိုင်များ ဖွင့်လှစ်နေဆဲ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ ကိုဗစ်-၁၉ ကူးစက်မှု (၁၅) ဦးထိရှိနေသော်လည်း လောင်းကစားနှင့် KTV ဆိုင်များ ဆက်လက်ဖွင့်လှစ်နေဆဲ ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

ပင်လုံမြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားရုံနှင့် KTV များ ပြန်ဖွင့်လာခဲ့ပြီး ကိုဗစ်-၁၉ တတိယလှိုင်းတွင် ဆိုင်များကိုပိတ်သိမ်းထားခြင်းမရှိကြောင်း သိရသည်။

“ပင်လုံမှာ ကိုဗစ်ကူးများလာတာက လောင်းကစားတို့ကနေ ကူးလာတာများတယ်။ KTV တွေကနေကောပဲ။ ညညဆိုဖွင့်ထားတယ်။ မပိတ်ဘူး။ အဲကနေလည်းပြန့်နိုင်တယ်” ဟု ပင်လုံမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားများနှင့် KTV တို့ကို ပြန်လည်ဖွင့်လှစ်လာခဲ့ပြီး ပြည်သူများ ပိတ်ရန်တောင်းဆိုသော်လည်း မပိတ်ခဲ့ပေ။

ဆက်လက်ပြီး ယခုချိန်သည် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုများလာသောကြောင့် ပြည်သူများအနေဖြင့် တစ်မြို့လုံးကူးမှာကို စိုးရိမ်နေရကြောင်း ပင်လုံမြို့ ဒေသခံများက ဆိုသည်။

“ကျနော်မြို့ကသေးတယ်။ တစ်မြို့လုံးကူးမှာကို စိုးရိမ်ရတယ်။ အရင်က အရပ်သားအစိုးရလက်ထက်ဆိုရင် ပေးမဖွင့်လို့ ကျနော်တို့မြို့မှာ ကိုဗစ် မရှိဘူး။ အခုက သွားပြောလို့လည်းမရဘူး။ သူတို့က စစ်ကောင်စီနဲ့လုပ်စားနေကြတယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။

ပင်လုံမြို့တွင် ယမန့်နေ့ ဇူလိုင် ၁၂ ရက်နေ့ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း (၁၅) ဦးရှိပြီး ထို (၁၅) ဦးသည် လောင်းကစားမှ အများဆုံးကူးလာသည့်သူများဖြစ်ကြောင်း သိရသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...