ကျောက်မဲမြို့နယ်တွင် စစ်ရှောင် (၁၀၀၀) နီးပါးထိရှိလာ၊ ဆေးဝါးကုသမှုများ အရေးတကြီးလိုအပ်နေ

ကျောက်မဲမြို့နယ်တွင် စစ်ရှောင် (၁၀၀၀) နီးပါးထိရှိလာ၊ ဆေးဝါးကုသမှုများ အရေးတကြီးလိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများထံသို့ စစ်ဘေးဒဏ်မှ တိမ်းရှောင်ထွက်ပြေးလာသည့် ဒေသခံ (၁၀၀၀) နီးပါးခန့်ရှိနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ တစ်ရက်နေ့မှစတင်ကာ ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာဖက်တွင် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TSLF/TNLA) ပူးပေါင်းတပ်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အနီးပတ်ဝန်းကျင်ရှိ ရွာသူ/ရွာသားများ ထွက်ပြေးတိမ်းရှောင်လာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲကလည်း မငြိမ်သေးတော့ စစ်ဘေးရှောင်တွေကလည်း များလာပါတယ်၊ အခု စစ်ဘေးရှောင် ၁၀၀၀ နီးပါးမှာ ကလေးနဲ့ အမျိုးသမီးတွေက အများဆုံးဖြစ်နေတယ်၊ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း အများကြီးလိုအပ်နေပါတယ်၊ ဆေးဝါးကုသမှုကလည်း အရေးကြီးလိုအပ်နေပါတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် နမ့်ခုံးရှမ်းများ ပရဟိတအသင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် စစ်ဘေးဒဏ်မှ ထွက်ပြေးတိမ်းရှောင်လာသူများ အများစုသည် ဘုန်းကြီးကျောင်းများနှင့် ပိတ်ထားသည့် စာသင်ကျောင်းများတွင် တည်းခိုနေကြရပြီး တချို့သူများကလည်း မြို့ပေါ်ရှိ ဆွေမျိုးများနေအိမ်သို့ ခိုလှုံနေထိုင်ကြရကြောင်းလည်း သိရသည်။

“မြို့ပေါ်မှာ ဆွေမျိုးရှိနေတဲ့သူကျတော့ ဆွေမျိုးအိမ်မှာ ခိုလှုံကြတာပေါ့၊ အများစုကတော့ ဘုန်းကြီးကျာင်းမှာပဲရှိကြတယ်၊ အခု စစ်ဘေးရှောင်တွေမှာ အရေးကြီးလိုအပ်နေတာက အစားအသောက်ပေါ့၊ ကလေးနဲ့ အမျိုးသမီးတွေများတဲ့အတွက် သူတို့အတွက် တစ်ကိုယ်ရေသုံးပစ္စည်းတွေလည်း လိုအပ်တယ်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်” ဟု နမ့်ခုံး ပရဟိတ ရှမ်းများအသင်းမှ စိုင်းဟန်လျန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ကျေးရွာခံတွေဟာ တော့ဆန်ကျေးရွာအုပ်စု တော့ဆန်၊ ကလောဝိုင်း၊ မိုင်းကုန်း၊ ချုံးကျေးရွာအုပ်စု နမ့်ဖြစ်ကျေးရွာ၊ ချုံးဟောင်းကျေးရွာ၊ ချုံးသစ်ကျေးရွာနှင့် ညောင်းမောင်းကျေးရွာမှ ရွာသူ/ရွာသားများဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၁ ရက်နေ့ကတည်းက စခဲ့သည့်တိုက်ပွဲသည် ယနေ့ချိန်ထိ စစ်ရေးတင်းမာမှုများရှိနေကြပြီး စစ်ဘေးရှောင်များအတွက် အလှူရှင်များကလည်း ခါတိုင်းများထက် လျှော့နည်းလာသည့်အတွက် ရေရှည်တိုက်ပွဲဖြစ်ပွားမည်ဆိုပါက စစ်ဘေးရှောင်ပြည်သူများအတွက် ရေရှည်တောင့်ခိုင်နိုင်ဖို့ ခက်ခဲကြောင်းလည်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...