မြန်မာကလေးငယ်များအတွက် ယူနီဆက် မှ Child Alert အစီအစဉ် ပြုလုပ်

မြန်မာကလေးငယ်များအတွက် ယူနီဆက် မှ Child Alert အစီအစဉ် ပြုလုပ်
by -
မဇ္ဈိမ
 မြန်မာနိုင်ငံ ရှိ ဝေးလံခေါင်ဖျားသော ဒေသများ နှင့် ပဋိပက္ခဒဏ်ခံရသည့် ဒေသများ မှ ကလေးသူငယ်များအတွက် ယူနီဆက် မှ Child Alert အစီအစဉ် တစ်ရပ်ကို ပြုလုပ်လျှက်ရှိပြီး ခန့်မှန်းခြေ ကလေးငယ်၂.၂သန်းခန့်အတွက် အထူးလုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

”မြို့ပြမှာသာမက ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့ ကလေးသူငယ်လေးတွေအားလုံး နိုင်ငံတွင်း မြန်ဆန်စွာ တိုးတက်ပြောင်းလဲမှုရဲ့ ရလဒ်ကောင်းတွေကို ခံစားနိုင်ဖို့ဆိုတာ တကယ့် စိန်ခေါ်မှုတခုဖြစ်ပါတယ်။”ဟု ယူနီဆက်၏ ဒုတိယ အမှုဆောင်ညွှန်ကြားရေးမှူး ဂျက်(စ်)တင်ဖော်စိုင့်(သ်)က ပြောသည်။

ယူနီဆက်မှ မြန်မာနိုင်ငံတွင် ခန့်မှန်းခြေ ကလေးငယ်၂.၂သန်းခန့်အတွက် လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ အကူအညီများပေးနိုင်ရေးနှင့် ကလေးစစ်သားစုဆောင်းခြင်းများ ရပ်တန့်သွားရန် အထူးလုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

ယခုအခါ နိုင်ငံတော်အစိုးရမှ နိုင်ငံတွင်းရှိ ကလေးသူငယ်များ၏ အခွင့်အရေးများအတွက် ကလေးသူငယ်ဆိုင်ရာ ဥပဒေမူကြမ်း၊ ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများနှင့် ပညာရေးကဏ္ဍများတွင်ဘဏ္ဍာငွေမြှင့်တင်ပေး လျှက်ရှိသည်။

သို့ရာတွင် ထိုသို့ တိုးတက်ပြောင်းလဲမှုများ ရှိနေသော်လည်း ကလေးသူငယ် ၁၅၀ခန့်သည် ၎င်းတို့၏ ၅နှစ်မြောက်မွေးနေ့မတိုင်မီ နေ့စဉ်သေဆုံးလျက်ရှိနေပြီး အဆိုပါ အသက် ၅ နှစ်အောက် ကလေးအားလုံး၏ ၃၀ ရာခိုင်နှုန်းသည် သာမာန် သို့မဟုတ် အပြင်းအထန် အာဟာရချို့တဲ့မှုများ ခံစားနေရလျှက်ရှိသေးကြောင်း ယူနီဆက်က ဆိုသည်။

အထူးသဖြင့် လက်လှမ်းမီနို်င်ရန် ခက်ခဲလှသော ဝေးလံခေါင်ဖျားဒေသများမှ ကလေးသူငယ်များနှင့် ပဋိပက္ခကြား ပိတ်မိနေသော ကလေးသူငယ်များတွင် အဖြစ်များဆုံး ဖြစ်သည်။ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်များအပြင် နယ်စပ်များရှိ ပဋိပက္ခများကြားမှ  မိသားစုများမှာ ကာကွယ်စောင့်ရှောက်မှု အကူအညီများ လိုအပ်နေကြောင်း ယူနီဆက်က ဆိုသည်။

ထိုကဲ့သို့ဖြစ်ရခြင်းမှာ ပြေလည်မှုမရှိသေးသည့် ပဋိပက္ခများ၊ ဆင်းရဲမွဲတေမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းနေခြင်းများကြောင့် ဟု ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ယူနီဆက်က ဆိုသည်။

 ယူနီဆက်သည်မိတ်ဖက်အဖွဲ့များနှင့် အတူ နိုင်ငံပေါင်း ၁၉၀ တွင် ကလေးသူငယ်များအတွက် ကတိကဝတ်ပြုမှုများကို လက်တွေ့တွင် ဖြစ်ပေါ်လာစေရန် အကောင်အထည်ဖော်လုပ်ကိုင်နိုင်ရေး၊ ထိခိုက်လွယ်အားနည်းပြီး ချန်လှပ်ခံရသော ကလေးသူငယ်များအတွက် ကူညီပံ့ပိုးမှုများ လက်လှမ်းမီရောက်ရှိနို်င်ရေးနှင့် ဒေသတိုင်းရှိ ကလေးသူငယ်များအားလုံး တန်းတူအကျိုးကျေးဇူး ရရှိနိုင်ရေးအတွက်ကြိုးပမ်း လုပ်ဆောင်လျှက်ရှိသည်။

Most read this week

March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...