ဝိုင်းမော် ပြည်သူ့စစ်စခန်းတစ်ခုကို KIA တိုက်ခိုက်ဖျက်စီး၊ လက်နက်အချို့ သိမ်းယူ

ဝိုင်းမော် ပြည်သူ့စစ်စခန်းတစ်ခုကို KIA တိုက်ခိုက်ဖျက်စီး၊ လက်နက်အချို့ သိမ်းယူ

ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) ကျေးရွာတံတားအနီးတွင် တပ်စွဲထားသော အာဏာသိမ်းစစ်တပ် ခလရ ၅၈ လက်အောက် ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ယမန်နေ့ညက တိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ပစ္စည်းတစ်ချို့ကိုလည်း သိမ်းယူခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၁ ရက် ည ၈ နာရီဝန်းကျင်တွင် KIA တပ်မဟာ ၅ လက်အောက် တပ်ရင်း ၃ တပ်ဖွဲ့က လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း သွားရောက်ပစ်ခတ်ခဲ့သည့်အပြင် တပ်စခန်းအတွင်းရှိ တဲများကိုလည်း မီးရှို့ဖျက်ဆီးပေးလိုက်ကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောပြသည်။

“သူတို့ရဲ့ စခန်းတဲ ၃ ခုလောက်ကို မီးရှို့ဖျက်ဆီးပေးလိုက်တယ်။ တဲတစ်ခုဘဲကျန်တော့တယ်။ KIA ဘက်ကနေ လက်နက်ကြီးနဲ့ အရင်လာပစ်တယ်။ အဲ့လိုလာပစ်တော့ အဲ့စခန်းမှာရှိတဲ့ ပြည်သူ့စစ် စစ်သားတွေက ထွက်ပြေးသွားတယ်ထင်တယ်။ စခန်းကိုဝင်ပြီး မီးရှို့သိမ်းတာတွေ လုပ်သွားတယ်” ဟု ပြောဆိုသည်။

တိုက်ခိုက်ခံရသည့် ပြည်သူ့စစ်စခန်းအတွင်းမှ ဆိုင်ကယ် ၂ စီး၊ သေနတ် ၂ လက်၊ ကျည်ထောင့်များနှင့် လက်နက်ပစ္စည်းတစ်ချို့ကိုလည်း KIA က သိမ်းယူသွားခဲ့သည်။

KIA က ပြည်သူ့စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့ပြီးနောက် ည ၉ နာရီခွဲဝန်းကျင်တွင် ဝိုင်းမော်အခြေစိုက် ခလရ ၅၈ တပ်ရင်းမှ KIA ရှိသည့်ဘက်သို့ လက်နက်ကြီး ၃ ကြိမ်ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စစ်တပ်စခန်းတွင် ယခင်က ဝိုင်းမော်မြို့အခြေစိုက် ခလရ ၅၈ တပ်ရင်းမှ တပ်စွဲနေထိုင်ခဲ့သော်လည်း လက်ရှိတွင် အောင်မြေ (၁) နှင့် တာလောကြီးကျေးရွာ ၂ ခုမှ ပြည်သူ့စစ် ၁၀ ဦးခန့် ပုံမှန်ရှိနေသော တပ်စခန်းဖြစ်ကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

 
 

 

 

Most read this week

August 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဥရုချောင်းရေ မြင့်တက်လာကာ ...
August 4, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာတွင် အလယ်တန်းကျောင်းသားအရွယ် ကလေးများအကြား...
ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...