တမူးမြို့နယ်တွင် ချင်းလူငယ် ၂ ဦးကို စစ်ကောင်စီကပစ်သတ်၊ အလောင်းလာယူရန် မိသားစုဝင်ထံ အကြောင်းကြား

တမူးမြို့နယ်တွင် ချင်းလူငယ် ၂ ဦးကို စစ်ကောင်စီကပစ်သတ်၊ အလောင်းလာယူရန် မိသားစုဝင်ထံ အကြောင်းကြား

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ထုံကတင်အုပ်စု၊ နောင်ကက်ရွာသစ်က ချင်းလူငယ် ၂ ဦးကို ဇူလိုင် ၁၀ ရက်နေ့ညက အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်ပြီး အလောင်းလာယူရန် ယင်းနေ့ညနေပိုင်းတွင် မိသားစုဝင်ထံ အကြောင်းကြားလာသည်ဟု သိရသည်။

“သေတာ ၂ ဦးပါ၊ သူ့တို့ အလောင်းကို တမူးရင်ခွဲရုံကနေ ဖုန်းဆက်လာတယ်၊ လာယူဖို့ ညနေပိုင်းမှာ အကြောင်းကြားလာတယ်။ အခုချိန်ဆို ရင် သွားသယ်လောက်ပြီထင်တယ်၊ သေတာ ၂ ဦး၊ ဒဏ်ရာရတာက ၁ ယောက်၊ ထွက်ပြေးတဲ့သူတွေလည်းရှိတယ်လို့ သိရတယ်၊ လူငယ်တွေဆိုတော့ နာမည်တွေတော့ မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁ဝ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့များက ကျွန်းပင်သာကျေးရွာတွင် သေနတ်များပစ်ဖောက်သည့်အပြင် မင်းသာတံတားအနီးတွင် ကူကီချင်းလူငယ် ၆ ဦးတို့နှင့်တွေ့ဆုံခဲ့ပြီး ပစ်ခတ်ခဲ့သောကြောင့် ၂ ဦးသေဆုံးခဲ့ပြီး တံတားပေါ်မှ ခုန်ဆင်းသော (၁) ဦးကိုလည်း စစ်ကောင်စီမှ တရစပ်ပစ်ခတ်ခဲ့တာတွေရှိသည့်အပြင် ထွက်ပြေးလွတ်မြောက်သူလည်းရှိသည်ဟု ဒေသခံတစ်ဦးထံက သိရသည်။

၎င်းတို့ (၆) ဦးမှာ ဆယ်ကျော်သက်လူငယ်များဖြစ်ကြပြီး နောင်ကက်ရွာသစ်တွင် နေထိုင်ကြကြောင်း သိရသည်။

နောင်ကက်ရွာသစ်သည် တမူးမြို့နှင့် မိုင် ၂၀ ခန့်ဝေးပြီး ကူကီးချင်းလူမျိုး အများစုနေထိုင်သည်ဟုလည်း သိရသည်။

 
 

 

 

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...