စစ်ကောင်စီလက်ထက် တောင်ကြီးမြို့သန်းရှင်းရေးအပိုင်း ဆိုးရွားလာ

စစ်ကောင်စီလက်ထက် တောင်ကြီးမြို့သန်းရှင်းရေးအပိုင်း ဆိုးရွားလာ
စစ်ကောင်စီလက်ထက် တောင်ကြီးမြို့သန်းရှင်းရေးအပိုင်း ဆိုးရွားလာ
စစ်ကောင်စီလက်ထက် တောင်ကြီးမြို့သန်းရှင်းရေးအပိုင်း ဆိုးရွားလာ

သျှမ်းပြည်၏ မြို့တော်ဖြစ်သည့်အပြင် အလှပဆုံးနှင့် အသန့်ရှင်းဆုံးဆုများရရှိထားသည့် တောင်ကြီးမြို့တွင် စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် မြို့သန့်ရှင်းရေးအပိုင်းလုပ်ဆောင်မှုများ ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်းမရှိကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီလက်ထက် မြို့သာယာလှပရေးအတွက် တာဝန်ယူထားသည့် သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ထိရောက်သောာ စီမံခန့်ခွဲမှုများ မစွမ်းဆောင်နိုင်သောကြောင့် အနံ့အသက်များထွက်နေသည့် အမှိုက်ပုံများကို မြို့လယ်ခေါင် နေရာတော်တော်များတွင် တွေ့ရကြောင်း တောင်ကြီးမြို့နေ ပြည်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မြို့လယ်ခေါင် မင်းလမ်း‌ပေါ်မှာ အမှိုက်ပုံတွေက မြင်မကောင်းအောင် အရမ်းများနေတယ်၊ အနံ့တွေလည်း အရမ်းထွက်နေလို့။ လမ်းသွားလမ်းလာအတွက်ကော ပတ်ဝန်းကျင်အတွက်ပါ အဆင်မပြေလို့ပါ ဒီလိုဖြစ်ရပ်မျိုးတွေက ကျန်းမာရေးနဲ့ရော မညီညွတ်တဲ့အပြင် တောင်ကြီးမြို့ အနေအထားနဲ့ မဖြစ်သင့်ပါဘူး“ ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

တောင်ကြီးမြို့သည် စစ်တပ်မှ အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်၏ အသန့်ရှင်းဆုံး အာဆီယံစံပြမြို့ (Asean Clean Tourist City) ကို ရရှိခဲ့သလို အလှပဆုံးမြို့ဆုကိုလည်း ၂၀၀၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ (၁၂) နှစ်ဆက်တိုက် ရရှိခဲ့ပြီး သဘာဝအသန့်ရှင်းဆုံးမြို့ဆုကိုလည်း ၂၀၀၇ ခုနှစ်မှ (၂၀၁၆) ခုနှစ်အထိ (၁၀) နှစ်အထိ ဆက်တိုက်ရရှိခဲ့သည့်မြို့ဖြစ်ကြောင်းလည်း သိရသည်။

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...