ရွှေကူ၊ မြို့လှ တိုက်ပွဲတွင် စစ်ကောင်စီဖက် ထိခိုက်သေဆုံးမှုများပြား

ရွှေကူ၊ မြို့လှ တိုက်ပွဲတွင် စစ်ကောင်စီဖက် ထိခိုက်သေဆုံးမှုများပြား

ယနေ့ ရွှေကူမြို့နယ် မြို့လှရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ပူပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ခဲ့ရာတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်မှ ၄၀ ဦးထက်မနည်း ထိခိုက်သေဆုံးကြောင်း ဒေသခံများ ပြောဆိုနေကြသည်။

ထိုသို့ ထိခိုက်သေဆုံးသူများကို သယ်ယူရန် ရွှေကူမြို့အခြေစိုက် လူမှုကူညီရေးအဖွဲ့များကို စစ်ကောင်စီက ယနေ့ညနေ ၆ နာရီတွင် လိုက်လံပြောဆိုနေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ရွှေကူမှာတပ်ထိုင်ထားတဲ့ စစ်သားတွေက စစ်ကားတွေနဲ့လာပြီး လူမှုကူညီရေးအသင်းတွေကို မဖြစ်မနေသွားဖို့ လိုက်လံပြောဆိုနေတယ်လို့ သိရတယ်။ ကျနော်နဲ့သိတဲ့အဖွဲ့က ကား ၃ စီးအပါ လာခေါ်သွားတယ်။ အလောင်းတွေကို သယ်ထုတ်ဖို့ ခေါ်သွားတဲ့ကားတွေဆို ခန့်မှန်ခြေအရဆို ၁၀ စီးလောက်ရှိမယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်ဘက်က ကျဆုံးထားတာ ၄၀ လောက်ရှိတယ်တဲ့။ တိုက်ပွဲက ဆက်ဖြစ်သေးတာဖြစ်တဲ့အတွက် အတိအကျလည်း မသိရသေးဘူး” ဟု ပြောဆိုသည်။

ယနေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်ခန့် KIA ရှိရာ မြို့လှဘက်သို့ ဝင်ရောက်လာသော အာဏာသိမ်းစစ်တပ် အင်အား ၁၆၀ ကျော်ကို KIA မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သည်။

ထိုသို့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များပြားခဲ့သောကြောင့် ယနေ့ ညနေပိုင်းတွင် KIA နှင့် PDF ရှိရာ မြို့လှမြို့ တစ်လုံးရွာဘက်သို့ စစ်ကောင်စီက ဂျက်လေယာဉ် ၂ စီး ဖြင့် ၂ ကြိမ် သွားရောက်ပစ်ခတ်ခဲ့သည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က အကျအဆုံးများသလို လေကြောင်းတိုက်ခိုက်မှုကြောင့် KIA နှင့် PDF ဘက်ကလည်း ၆ ဦးခန့် ထိခိုက်သေဆုံးထားကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရပါသည်။

တိုက်ပွဲဖြစ်ပွားသောနေရာသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ အောက် တပ်ရင်း ၅ နယ်မြေဖြစ်ကြောင်း သိရသည်။

Most read this week

August 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဥရုချောင်းရေ မြင့်တက်လာကာ ...
August 4, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာတွင် အလယ်တန်းကျောင်းသားအရွယ် ကလေးများအကြား...
ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...