မိုင်းကိုင် စစ်ရှောင် (၃၇၅) ဦးအတွက် စားနပ်ရိက္ခာလိုအပ်

မိုင်းကိုင် စစ်ရှောင် (၃၇၅) ဦးအတွက် စားနပ်ရိက္ခာလိုအပ်

သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားမှုကြောင့် မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စုအတွင်း စစ်ရှောင် (၃၇၅) ဦးရောက်ရှိလာပြီး စားနပ်ရိက္ခာနှင့် အသုံးအဆောင်များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။



သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် လွိုင်ဟွမ်းတောင်ကြော တိုက်ပွဲကြောင့် ဒေသခံပြည်သူများ မိုင်းကိုင်မြို့နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရကြောင်း စုံစမ်းသိရှိရသည်။



“သူတို့ရောက်လာတာ (၃) ရက်လောက်ရှိပြီ။ အစားအသောက်နဲ့ အဝတ်အထည်တွေ အရမ်းလိုအပ်နေတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ မိုင်းကိုင်မြို့နယ်နဲ့ နီးတော့ မိုင်းကိုင်ဘက်လည်း ထွက်ပြေးလာကြတာ” ဟု စစ်ရှောင်များကို သွားရောက်ကူညီပေးနေသည့် မိုင်းကိုင်ဒေသခံတစ်ဦးက ပြောသည်။



ထို စစ်ရှောင် (၃၇၅) ဦးသည် မိုင်းခွန်ကျေးရွာအုပ်စုအတွင်းရှိ ဘုန်းကြီးကျောင်း (၃) ကျောင်းမှာ နေထိုင်ကြာင်း၊ ထိုစစ်ရှောင်စခန်းသွားရန်အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲကြောင်း သိရသည်။

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...