ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဖြေရှင်းသော စိတ်ဓာတ်ဖြင့် အပြုသဘော ပူးပေါင်း ဆောင်ရွက်ကြရန် ဥရောပသမဂ္ဂတိုက်တွန်း

ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဖြေရှင်းသော စိတ်ဓာတ်ဖြင့် အပြုသဘော ပူးပေါင်း ဆောင်ရွက်ကြရန် ဥရောပသမဂ္ဂတိုက်တွန်း
by -
မဇ္ဈိမ
 မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် တပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများနှင့် လက်မှတ်မရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ အပါအဝင် သက်ဆိုင်သူအားလုံးအား ညှိနှိုင်းဖြေရှင်းသော စိတ်ဓာတ်ဖြင့် အပြုသဘော ပူးပေါင်းဆောင်ရွက်ကြရန် ဥရောပသမဂ္ဂ ကတိုက်တွန်း ပြောဆိုလိုက်သည်။

မေ ၂၄ရက်တွင် ဥရောပသမဂ္ဂမှထုတ်ပြန်သည့် “မြန်မာနိုင်ငံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ (ဒုတိယအစည်းအဝေး) အခါသမယတွင် ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်” တွင်ထည့်သွင်းပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

တိုက်ခိုက်နေကြသူအားလုံး တိုက်ခိုက်မှုများ ရပ်စဲနိုင်မည်ဆိုပါက ဤကိစ္စရပ်အတွက် လွန်စွာအပြုသဘောဆောင်သော သင်္ကေတဖြစ်သည့်အပြင် ဆွေးနွေးညှိနှိုင်းရန် လမ်းဖွင့်ပေးနိုင်ပြီး နိုင်ငံအတွင်း တည်ငြိမ်မှု တိုးတက်ရရှိရေး အထောက်အကူပြုပါမည်ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ (ဒုတိယအစည်းအဝေး) သည် မြန်မာပြည်သူလူထုမှ လိုလားနေသော ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး၊ သာတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ပိုမိုကျယ်ပြန့်စွာ ခိုင်မာအားကောင်းစေရေး တိုးတက်မှုရရှိစေရန် အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မည့် ထူးခြားသော အခွင့်အလမ်းသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကို ဆက်လက်၍ ပံ့ပိုးမှုပေးပါမည်ဟုလည်း ကတိပြုထားသည်။

အဆိုပါ ကတိကဝတ်ကို ဥရောပသမဂ္ဂ၏ ထိပ်တန်းကိုယ်စားလှယ်/ ဒုတိယဥက္ကဌ ဖယ်ဒယ်ရီကာ မိုဂါရီနီ (High Representative/Vice-President, Federica Mogherini) က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မေလဆန်းပိုင်းက ဘရပ်ဆဲလ်မြို့သို့ ခရီးစဉ် လာရောက်စဉ် တွေ့ဆုံပွဲ၌ ထပ်လောင်းပြောကြားခဲ့ကြောင်းလည်းသိရသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...