ဗလမင်းထင်တံတားအနီး သစ်သီးရောင်းသည့် အမျိုးသမီးတစ်ဦး သေနတ်ကျည်ထိကာ သေဆုံး

ဗလမင်းထင်တံတားအနီး သစ်သီးရောင်းသည့် အမျိုးသမီးတစ်ဦး သေနတ်ကျည်ထိကာ သေဆုံး

ဝိုင်းမော်-မြစ်ကြီးနား ဗလမင်းထင်တံတား တိုးဂိတ်အနီးတွင် ဇူလိုင်လ ၇ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်၏ သေနတ်ပစ်ခတ်မှုကြောင့် တိုးဂိတ်အနီး သစ်သီးရောင်းသည့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ကာ သေဆုံးသွားကြောင်း သိရသည်။

"ကျည်ထိတော့ သွေးထွက်လွန်ပြီး မနေ့ညက သေသွားတယ်လို့ကြားရတယ်။ ဘယ်ချိန်သေတာလဲတော့ မသိဘူး။ အလောင်းက တပ်ဆေးရုံမှာဆိုတော့ ကျမတို့ မသိရဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျည်ထိမှန်သေဆုံးသွားသည့် အမျိုးသမီးသည် မိုင်းနား မခေါယာန်ကျေးရွာမှ မမီးဆိုသူဖြစ်ကြောင်း သိရသည်။

"အလောင်းကတော့ ဒီမနက် တပ်ဆေးရုံကနေ အိမ်ကိုယူလာတော့မယ်လို့တော့ ကြားတယ်" ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ ဇူလိုင် ၇ ရက် ယမန်နေ့ ညနေ ၅ နာရီဝန်းကျင် ဝိုင်းမော်ဘက်မှလာသည့် ကားတစ်စီးကို စစ်ဆေးရန်အတွက် တားရာတွင် ရပ်နားပေးခြင်းမရှိသည့်အတွက် သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ ကားမထိဘဲ လမ်းဘေးဈေးရောင်းသည့် အမျိုးသမီးအား ကျည်ထိမှန်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဗလမင်းထင်တံတားအနီး တိုးဂိတ်တွင် ဇွန်လ ၂၃ ရက်ညက ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ သွားရောက်ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း စစ်တပ်က ယခုလို မသင်္ကာသဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Most read this week

August 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဥရုချောင်းရေ မြင့်တက်လာကာ ...
August 4, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာတွင် အလယ်တန်းကျောင်းသားအရွယ် ကလေးများအကြား...
ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...