သီပေါမြို့နယ် စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

သီပေါမြို့နယ် စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် ပြည်သူများ ၂ လကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့ချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။

လက်ရှိတွင် သီပေါမြို့နယ်တွင် စစ်ဘေးရှောင် ၃၀၀ ကျော်ရှိနေပြီး ၎င်းတို့မှ ခိုင်မွန်ကျေးရွာဒေသခံနှင့် ချောင်ဆုံးဒေသခံများဖြစ်ပြီး၊ ထိုဒေသအတွင်း တိုင်းရင်းသားလက်နက်ကိုင်များ နေထိုင်သဖြင့် နေရပ်ပြန်ရန် ကြောက်နေသေးကြောင်း စစ်ရှောင်များက ပြောသည်။

စစ်ဘေးရှောင်နေသည့် ပြည်သူများသည် နေရပ်ကိုပြန်ချင်သော်လည်း တိုက်ပွဲများ ထပ်မံဖြစ်မည်ကို စိုးရိမ်သောကြောင့် မပြန်ရဲသေးကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“ပြန်တော့ပြန်ချင်တာပေါ့။ ဒါပေမယ့် စစ်ထပ်ဖြစ်မှာလည်း စိုးရိမ်ရတယ်။ ရွာထဲမှာ လက်နက်ကိုင်တပ်ဖွဲ့က ရှိနေသေးတယ်လေ။ ဒါကြောင့် မပြန်ရဲသေးဘူး” ဟု ၎င်းကဆိုသည်။

စစ်ဘေးရှောင်လာသည့်သူများထဲတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများရှိသဖြင့် နေရပ်ပြန်သွားပါက တိုက်ပွဲထပ်မံဖြစ်ပွားလျှင် အခက်အခဲများရှိနိုင်ကြောင်းလည်း စစ်ဘေးရှောင်ပြည်သူများက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် မန်လီကျေးရွာနှင့် ဟာလျံကျေးရွာများတွင် သွားရောက်ခိုလှုံနေထိုင်နေရကြောင်း သိရသည်။

“အခုတော့ ၃၀၀ ကျော်ကျန်နေသေးတယ်။ နေရပ်ကို မပြန်နိုင်သေးကြဘူး။ သူတို့စားဝတ်နေရေးအတွက်‌တော့ ကျမတို့ ဟိုနေ့က သွားလှူဒါန်းပေးတယ်” ဟု စစ်ရှောင်ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

တိုက်ပွဲကြောင့် ပြည်သူများနေရပ်ပြန်ကာ လယ်ယာမလုပ်နိုင်သဖြင့် နောင်နှစ်အတွက် စားဝတ်နေရေးခက်ခဲလာနိုင်ကြောင်းလည်း သိရသည်။

“တိုက်ပွဲဖြစ်ထားတော့ ကျနော်တို့သွားလုပ်ရင် ဗုံးတွေ၊ မိုင်းတွေ နင်းမိမှာကြောက်ရတယ်” ဟု အထက်ပါစစ်ဘေးရှောင်က ပြောသည်။

သီပေါမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ လှုပ်ရှားသည့်နေရာဖြစပြီး ယခုရက်ပိုင်း တိုက်ပွဲများမရှိသော်လည်း စစ်ရေးတင်းမာနေသေးကြောင်း သိရသည်။

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...