လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို One Stop Service ဖြင့် လိုင်စင်စတင်ပြုလုပ်ပေး

လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို One Stop Service ဖြင့် လိုင်စင်စတင်ပြုလုပ်ပေး

လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို One Stop Service စနစ်ဖြင့် ယနေ့မှစတင်၍ မော်လမြိုင် က.ည.န ရုံးတွင် တရားဝင်လိုင်စင် စတင်ပြုလုပ်ပေးနေပြီဖြစ်ကြောင်း ပြည်နယ် က.ည.န ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိင်္ဂီတိုးက ပြောသည်။

"One Stop Service ပေါ့။ ပထမဆုံး ရုံးဝင်;ထဲကို ဆိုင်ကယ်ဝင်လာမယ်။ ဝင်လာတာနဲ့ ခဲခြစ်မယ်။ ကွန်ပျုတာစိစစ်မယ်။ နှန်ကုန်ပြီဆို မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူတောင်းခံမယ် က.ည.န ကလည်း အမှုတွဲတည်ဆောက်တဲ့အခါ မူရင်းမိတ္တူတောင်းသလို အကောက်ခွန်ဦးစီးကလည်း အမှုတွဲတည်ဆောက်မှာဖြစ်တဲ့အတွက် အဲနှစ်ရွက်ပေါ့ နှစ်စုံတောင်းမယ် တောင်းပြီးရင် နံပါတ်ပေးတယ်" ဟု ဒေါ်သိင်္ဂီတိုးက ပြောသည်။

ဆိူင်ကယ်လိုင်စင်လုပ်ဆောင်ရာမှာ က.ည.န မှ ၂၄၅၀၀ ကျပ်၊ အာမခံအတွက် ၄၁၅၀ ကျပ်၊ မြန်မာစီးပွားရေးဘဏ်စာရွက်ခ ၅၀၀ ကျပ်နှင့် အကောက်ခွန်ဦးစီးဌာနက ၂၀၁၄ မှ ၂၀၂၁ ထိ စီမံချက်တွင်ဖော်ပြထားသော ယာဉ်တန်ဖိုးဇယားအတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်း၊ မော်လမြိုင်ခရိုင်တွင် ဇူလိုင်လ ၇ ရက်မှစတင်ပြီး သထုံခရိုင်တွင် ဇူလိုင် ၁၂ ရက် နောက်ဆုံးထား၍ စတင်ဆောင်ရွက်သွာမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

အဆိုပါ သတ်မှတ်အခွန်နှုန်းထားများတွင် တရုတ်နိုင်ငံထုတ် ၂၀၂၀ ပြည့်နှစ် ဆိုင်ကယ် ၁၂၆ စီစီမှ ၂၅၀ စီစီအတွင်း ၁,၆၂၀,၀၀၀၊ ထိုင်းနိုင်ငံထုတ်ဆိုပါက ၃,၇၂၀,၀၀၀၊ ဂျပန်နိုင်ငံထုတ်ဆိုပါက ၄,၈၄၀,၀၀၀ ကျပ် ဇယားကွက်များဖြင့် ဖော်ပြထားသည်။

စည်းကြပ်တန်ဖိုးများအတွက် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ခုနှစ်၊ အင်ဂျင်ပါဝါ စီစီအလိုက် ကောက်ခံသွားမည်ဖြစ်ပြီး လက်ရှိ ပုံမှန်တင်သွင်းမှုများတွင် ကောက်ခံသည့်အတိုင်း အကောက်ခွန် ငါးရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံမည်ဟု သိရသည်။

ယင်းသို့ ဆိုင်ကယ်လိုင်စင်လာရောက်ပြုလုပ်ရာတွင် မှတ်ပုံတင် မူရင်း/မိတ္တူနှင့် အိမ်ထောင်စုစာရင်းလိုအပ်ပြီး အိမ်ထောင်စုစာရင်း၏ မပြောင်းရသေးသည့်လူတွေအတွက် ရပ်ကွက်ထောက်ခံစာယူခဲ့ရန် လိုအပ်မည်ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဧရိယာနယ်နိမိတ်မှအပ ကျန်တိုင်းနှင့်ပြည်နယ်များတွင် လိုင်စင်မဲ့ဆိုင်ကယ်များကို လာမည့် သြဂုတ် ၁၉ ရက်အထိ ရက်ပေါင်း ၃၀ ခန့်အတွင်း တရားဝင်လိုင်စင် ချထားဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မှတ်ပုံတင်လိုင်စင်သက်တမ်းအား နှစ်နှစ် သတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

Most read this week

September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...
September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...