အင်းလေးဒေသတွင် Q Center ထပ်ဖွင့်လှစ်ရန် လိုအပ်နေ

အင်းလေးဒေသတွင် Q Center ထပ်ဖွင့်လှစ်ရန် လိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကိုဗစ်–၁၉ ရောဂါ ကူးစက်ခံရသူ ပိုမိုများပြားလာပြီး Quarantine Center ထပ်မံဖွင့်လှစ်ရန် လိုအပ်နေကြောင်း စုံစမ်းသိရသည်။

“ကိုဗစ်အတည်ပြုလူနာတွေကို ညောင်ရွှေပြည်သူ့ဆေးရုံ၊ စံကားပြည်သူ့ဆေးရုံ၊ နန်းပန်ပြည်သူ့ဆေးရုံနဲ့ ဟဲယာရွာမ တိုက်နယ်ပြည်သူ့ဆေးရုံတွေမှာ ဆေးကုသပေးနေတယ်၊ ထိတွေ့တဲ့သူတွေအတွက် Q Center ထပ်လိုနေသေးတယ်” လို့ အင်းလေးဒေသမှ ဆရာဝန်တစ်ဦးက ပြောသည်။

ယမန်နေ့ ဇူလိုင် ၆ ရက် အင်းလေးဒေသ ဟဲယာရွာမတွင် ကိုဗစ်အတည်ပြုလူနာ ၁၃ ဦးနှင့် နန်းပန်ပြည်သူ့ဆေးရုံတွင် ကိုဗစ်အတည်ပြုလူနာ ၄ ဦး ထပ်မံတွေ့ရှိခဲ့ရသည့်အတွက် အတည်ပြုလူနာစုစုပေါင်း (၁၇) ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

“ရွာမှာ Q ဝင်နေတာ ၃၀ ကျော်လောက်ရှိတယ်။ ဟဲယာရွာမ Q Center က လူပြည့်သွားလို့ ဒီမနက်ပဲ နောက်ထပ်တစ်နေရာမှာဖွင့်ဖို့ ပြင်ဆင်နေတယ်။ အဲ့မှာက လူ (၂၀) လောက်တော့ဆံ့မယ်” လို့ ဟဲယာရွာမ Covid – 19 Center ပြင်ပကူညီရေးအဖွဲ့ ဥက္ကဌ ဦးလွင်ကို က သျှမ်းသံတော်ဆင့်ကိုပြောသည်။

အင်းလေးဒေသပါဝင်သည့် ညောင်ရွှေမြို့နယ်တွင် ဇွန်လ (၂၃) ရက်နေ့မှ ယနေ့မွန်းလွဲပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၈၄) ဦးရှိပြီး (၂) ဦးသေဆုံးကာ (၂) ဦး ဆေးရုံမှဆင်းခွင့်ရပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

 
 

 

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...