အင်းလေးဒေသတွင် Q Center ထပ်ဖွင့်လှစ်ရန် လိုအပ်နေ

အင်းလေးဒေသတွင် Q Center ထပ်ဖွင့်လှစ်ရန် လိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကိုဗစ်–၁၉ ရောဂါ ကူးစက်ခံရသူ ပိုမိုများပြားလာပြီး Quarantine Center ထပ်မံဖွင့်လှစ်ရန် လိုအပ်နေကြောင်း စုံစမ်းသိရသည်။

“ကိုဗစ်အတည်ပြုလူနာတွေကို ညောင်ရွှေပြည်သူ့ဆေးရုံ၊ စံကားပြည်သူ့ဆေးရုံ၊ နန်းပန်ပြည်သူ့ဆေးရုံနဲ့ ဟဲယာရွာမ တိုက်နယ်ပြည်သူ့ဆေးရုံတွေမှာ ဆေးကုသပေးနေတယ်၊ ထိတွေ့တဲ့သူတွေအတွက် Q Center ထပ်လိုနေသေးတယ်” လို့ အင်းလေးဒေသမှ ဆရာဝန်တစ်ဦးက ပြောသည်။

ယမန်နေ့ ဇူလိုင် ၆ ရက် အင်းလေးဒေသ ဟဲယာရွာမတွင် ကိုဗစ်အတည်ပြုလူနာ ၁၃ ဦးနှင့် နန်းပန်ပြည်သူ့ဆေးရုံတွင် ကိုဗစ်အတည်ပြုလူနာ ၄ ဦး ထပ်မံတွေ့ရှိခဲ့ရသည့်အတွက် အတည်ပြုလူနာစုစုပေါင်း (၁၇) ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

“ရွာမှာ Q ဝင်နေတာ ၃၀ ကျော်လောက်ရှိတယ်။ ဟဲယာရွာမ Q Center က လူပြည့်သွားလို့ ဒီမနက်ပဲ နောက်ထပ်တစ်နေရာမှာဖွင့်ဖို့ ပြင်ဆင်နေတယ်။ အဲ့မှာက လူ (၂၀) လောက်တော့ဆံ့မယ်” လို့ ဟဲယာရွာမ Covid – 19 Center ပြင်ပကူညီရေးအဖွဲ့ ဥက္ကဌ ဦးလွင်ကို က သျှမ်းသံတော်ဆင့်ကိုပြောသည်။

အင်းလေးဒေသပါဝင်သည့် ညောင်ရွှေမြို့နယ်တွင် ဇွန်လ (၂၃) ရက်နေ့မှ ယနေ့မွန်းလွဲပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၈၄) ဦးရှိပြီး (၂) ဦးသေဆုံးကာ (၂) ဦး ဆေးရုံမှဆင်းခွင့်ရပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

 
 

 

 

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...