ပလက်ဝက ဖမ်းဆီးခံချင်းလူငယ် ၅ ဦး ယခုတိုင် မိသားစုနဲ့ အဆက်သွယ်မရသေး

ပလက်ဝက ဖမ်းဆီးခံချင်းလူငယ် ၅ ဦး ယခုတိုင် မိသားစုနဲ့ အဆက်သွယ်မရသေး

ချင်းပြည်နယ်၊ ပလက်ဝမြို့က အဖမ်းခံရတဲ့ ချင်းလူငယ် ၅ ဦးကို အာဏာသိမ်းစစ်ကောင်စီက ပုမ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဇွန်လ ၁၈ ရက်နေ့က ပို့ဆောင်ခဲ့ပေမယ့် မိသားစုတွေနဲ့ ယနေ့အချိန်အထိ အဆက်အသွယ်မရသေးတာကြောင့် မိသားစုဝင်တွေက စိတ်ပူနေကြပါတယ်။

ပလက်ဝမြို့မှာ မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီဟာ မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ကိုင်နေသူတွေအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၃ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပေမယ့် ၅ ဦးကို ဇွန်လ ၁၇ ရက်နေ့က ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုဖွင့်ခံရတဲ့ ချင်းလူငယ် (၅) ဦးကတော့ ကိုအိုက်မင်း (အဆိုတော်)၊ အိုက်ထွန်းမင်း (ကုမ္ပဏီ)၊ အိုက်ထွန်းမင်း (သစ်တော)၊ ကိုအောင်ထွန်းစိုး (ခ) အာလူးနဲ့ အဂ္ဂပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးရာကျော်တို့ဖြစ်ကြပြီး ၎င်းတို့ ၅ ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က ပလက်မြို့ရဲစခန်းကနေ ခလရ (၂၈၉) တပ်ရင်းသို့ ခေါ်ဆောင်ခဲ့ပြီး ဇွန်လ ၁၈ ရက်နေ့မှာတော့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ထပ်မံပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ဟာ သူတို့ရဲ့ အမှုရုံးချိန်းရက်ဖြစ်ပေမယ့် သက်ဆိုင်ရာအာဏာပိုင်တွေက ရုံးထုတ်တာမျိူးမရှိဘဲ စစ်တပ်လက်ထဲမှာသာ ရှိနေကြသေးပြီး ဇူလိုင် ၁၄ ရက်နေ့ကို ရုံးပြန်ချိန်းတယ်လို့လည်း ပလက်ဝကလာတဲ့ သတင်းတွေအရ သိရပါတယ်။

အဲဒီလူငယ် ၅ ဦးဟာ မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေ ကူညီထောက်ပံ့ဖို့အတွက် အလှူငွေကောက်ခံပြီး ရရှိသော ငွေကျပ် သိန်း ၂၀ ကျော်ကို ပလက်ဝမြို့ မြန်မာ့စီးပွားရေးဘဏ်ကတဆင့် မင်းတပ်မြို့ မြန်မာ့စီးပွားရေးဘဏ်သို့ လွှဲအပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိတာကြောင့်  ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံရတာဖြစ်ပါတယ်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...