မီတာခမဆောင်သည့် ဟိုပုံးမြို့နယ်မှ အိမ်ခြေ (၁၅) အိမ် မီးကြိုးဖြတ်ခံရ

မီတာခမဆောင်သည့် ဟိုပုံးမြို့နယ်မှ အိမ်ခြေ (၁၅) အိမ် မီးကြိုးဖြတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်းရှိ မီတာခပေးဆောင်ခြင်းမရှိသည့် အိမ်ခြေ (၁၅) အိမ် မီးလိုင်းကြိုးဖြတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၅ ရက်တွင် ဟိုပုံးမြို့နယ် နမ့်ခုတ်စံပြကျေးရွာ၊ အမှတ် (၄) ရပ်ကွက်ရှိ မီတာခပေးဆောင်ခြင်းမရှိသည့် နေအိမ် (၁၅) အိမ်မှ မီးလိုင်းကြိုးများကို လျှပ်စစ်ရုံးဝန်ထမ်းများမဟုတ်သည့် ဌာနေပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးက မီးလိုင်းကြိုးများကို လာရောက်ဖြတ်သွားကြောင်း သိရသည်။

“သူတို့က မီတာခ သွားဆောင်ခိုင်းပါတယ်၊ ကျနော်တို့က သွားမဆောင်တော့ အိမ်ရှေ့မှာရှိတဲ့ မီးလိုင်းကြိုးနဲ့ မီတာဘောက်ကို လာဖြုတ်ယူသွားတယ်၊ လာဖြုတ်တဲ့သူက လျှပ်စစ်ရုံးဝန်ထမ်းလည်း မဟုတ်ပါဘူး၊ သူက ဒီဒေသအတွင်းက ပြည်သူ့စစ်တစ်ဦးပဲဖြစ်ပါတယ်” ဟု နမ့်ခုတ်စံပြကျေးရွာမှ မီးလိုင်းကြိုးဖြတ်ခံလိုက်ရသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ နမ့်ခုတ်စံပြကျေးရွာမှ လျှပ်စစ်မီးနှင့် မီတာခဆိုင်ရာ ကိစ္စရပ်များကို စစ်ကောင်စီက ၎င်း၏လက်အောက်ခံ ဌာနေပြည်သူ့စစ်အဖွဲ့ကို စေခိုင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“မီတာခမဆောင်တဲ့ အိမ်တွေ မီးလိုင်းဖျက်ခံရမယ်ဆိုပြီး ရောက်လာတယ်၊ လျှပ်စစ်ရုံးကလားဆိုတော့ မဟုတ်ဘူးတဲ့၊ နမ့်ခုတ်စံပြကျေးရွာက မီးကိစ္စအရာရာအတွက် စစ်ကောင်စီက ဌာနပြည်သူ့စစ်ကို တာဝန်ပေးထားပြီးပြီတဲ့၊ မီးလိုင်းလာဖြတ်တဲ့သူက အဲ့လိုပြောသွားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သည့်အနေဖြင့် ပြည်သူများက မီတာခနှင့် အခြားအခွန်တို့ကိုလည်း ပေးဆောင်ခြင်းမပြုဘဲ ဆန္ဒပြမှုများ ပြုခဲ့သော်လည်း ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှာ စစ်ကောင်စီမှ မီတာခများပေးဆောင်ရန် စေခိုင်းလာသောကြာင့် တချို့သူများက မီတာခများကို ပေးဆောင်လာကြကြောင်းလည်း ၎င်းကပြောသည်။

“သူတို့ကတော့ မီးမရတော့ရင် အခက်အခဲတွေရှိမယ်ပေါ့၊ အဲ့ကြောင့် မီတာခသွားဆောင်တဲ့သူတွေလည်း ရှိကြပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ကတော့ မဆောင်ပါဘူး၊ အခုလို မီးဖြတ်ခံရလည်း မဆောင်ပါဘူး” ဟု ၎င်းကပြောသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာမသိမ်းယူခင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ ကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ပြည်သူများ စားဝတ်နေရေးအခက်အခဲကြောင့် မီတာခအပြင် အခြားသောအခွန်များကိုပါ ဖြေလျှော့ခွင့်ပေးထားခဲ့ကြောင်း သိရသည်။

 
 

 

 

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...