ပင်လုံမြို့ မီးမီတာခမဆောင်သည့်အိမ်များ မီးဖြတ်ခံရ

ပင်လုံမြို့ မီးမီတာခမဆောင်သည့်အိမ်များ မီးဖြတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် မီတာခမဆောင်သည့် အိမ်များကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ရုံးမှ မီတာဘောက် လာရောက်ဖြုတ်ကာ မီးဖြတ်လိုက်ကြောင်း စုံစမ်းသိရသည်။

အဆိုပါ ဇူလိုင် ၂ ရက်နေ့တွင် ပင်လုံမြို့ပေါ်ရှိ ပြည်သူများကို မီတာခလာဆောင်ရန် မဆောင်ပါက မီတာဘောက်ဖြုတ်မည်ဟု ခြိမ်းခြောက်မှုများပြုလုပ်ကာ တချို့နေအိမ်မှာ မီးမီတာဘောက်ဖြုတ်လိုက်ကြောင်း ပင်လုံမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ ကျနော်တို့က မီတာခသွားဆောင်ခိုင်းတာ။ မဆောင်ရင် အိမ်ထိ မီးသုံးခွင့်ကို လာပိတ်ပစ်မယ်လို့ပြောတယ်။ ဒီလထဲမှာဘဲ မြို့သစ်မှာ မီတာခ မဆောင်လို့ဆိုပြီး သူတို့ မီတာပေါက်လာဖြုတ်ပစ်တယ်” ဟု ပင်လုံမြို့အမျိုးသား ဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ပြည်သူများအနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးအနေဖြင့် အခွန်မဆောင်ခြင်းအနေဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သို့သော် စစ်ကောင်စီဖက်မှ ဇူလိုင်လအတွင်း မီတာခများကို ဆောင်ခိုင်းခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် မီးမရရှိပါက အခက်ခဲများစွာရှိလာသောကြောင့် မီတာခဆောင်ခဲ့ရသူများလည်းရှိကြောင်း ပင်လုံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်တို့လဲ မတက်နိုင်ဘူးလေ။ မထည့်ရင်လဲ သူတို့က မီးလာပိတ်ပစ်မယ်။ မီးပိတ်ရင်လဲ ကျနော်တို့အတွက်က ခက်ခဲတယ်လေ။ မီတာခသွားဆောင်တော့လည်း ကျနော်တို့ သူတို့ကို ထောက်ခံသလိုဖြစ်နေအုံးမယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပင်လုံမြို့တွင် မီတာဘောက် စုစုပေါင်း (၇၀၀၀) ကျော်ရှိပြီး မီတာမဆောင်သည့် မီတာဘောက် (၂၀၀) ကျော်ကျန်ရှိကြောင်း သိရသည်။

၂၀၂၀ ခုနစ် ကိုဗစ်-၁၉ ကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရမှ ပြည်သူများ စားဝတ်နေရေးခက်ခဲသောကြောင့် အခွန်များကို ဖြေလျော့ပေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများ စစ်အာဏာရှင်ကို အလိုမရှိကြောင်း နည်းမျိူးစုံဖြင့် ဆန္ဒပြခဲ့ပြီး အခွန်မဆောင်ခြင်းဖြင့်လည်း စစ်အာဏာကို ဆန့်ကျင်ခဲ့ကြသည်။

 
 

 

 

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...