ဂွမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ (၆) ဦးတွေ့ရှိ

ဂွမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ (၆) ဦးတွေ့ရှိ
ဂွမြို့နယ်၊ ပြည်သူ့ဆေးရုံ
ဂွမြို့နယ်၊ ပြည်သူ့ဆေးရုံ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နှင့် ကျိန္တလီမြို့နယ်ခွဲတို့တွင် ယနေ့ ဇူလိုင်လ ၆ ရက်နေ့၌ ကိုဗစ်အတည်ပြုလူနာ (၆) ဦးတွေ့ရှိကြောင်း ဂွမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဂွပြည်သူ့ဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စံက အတည်ပြုပြောကြားသည်။

ယင်းပိုးတွေ့လူနာ ခြောက်ဦးအထဲတွင် ဂွမြို့နယ်က ငါးဦးနှင့် ကျိန္တလီမြို့နယ်ခွဲက တစ်ဦးတို့ဖြစ်သည်။

ဂွမြို့နယ်က ပိုးတွေ့လူနားများအထဲတွင် ကြွေချိုင်ရွာမှ သံသယလူနာသုံးဦး၊ ဂွမြို့ (တမံလမ်း) မှ နှစ်ဦးတို့ဖြစ်ကြသည်။

၎င်းတို့နှစ်ဦးသည် ဇူလိုင် ၅ ရက်နေ့က ပိုးတွေ့လူနာနှင့် ထိတွေ့သူ (၂) ဦးတို့မှာ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

ဂွပြည်သူ့ဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စံက “ပိုးတွေ့တာကတော့ သံသယလူနာတွေနဲ့ ပိုးတွေ့လူနာတွေနဲ့ ထိစပ်တဲ့သူတွေဆီမှာ တွေ့တာပါ။ ရောဂါပြင်းထန်တဲ့လူတွေ မရှိပါဘူး။ ကျန်းမာရေးအခြေအနေတွေလည်း ကောင်းမွန်ပါတယ်။ ရောဂါလက္ခဏာကတော့ အနံ့မရတာ၊ ချောင်းဆိုတာတို့၊ ဖျားတာတို့ တွေ့ရပါတယ်” ဟု ပြောသည်။

ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာမှ ပိုးတွေ့လူနာ (၂) ဦးနှင့် ထိတွေ့ခဲ့သည့် အသွားအလာကန့်သတ်ထားရှိသူ (၉) ဦးကို ယနေ့တွင် ပထမအကြိမ် စစ်ဆေးရာ ပိုးမတွေ့ရှိကြောင်းလည်း ဂွမြို့နယ်ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားသည်။

ဂွမြို့နယ်အတွင်း ယနေ့ ဇူလိုင် ၆ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၇ ထိရှိလာပြီး ရခိုင်တစ်ပြည်နယ်လုံး၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၅၂၃) ဦးနှင့် သေဆုံးသူ (၃) ဦးထိရှိထားကြောင်း ကျန်းမာရေးဌာန၏ စာရင်းများအရ သိရသည်။

 
 

 

 

August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...