လှိုင်သာယာ ဧည့်စာရင်းတိုင်ကြားမှု တင်းကြပ်

လှိုင်သာယာ ဧည့်စာရင်းတိုင်ကြားမှု တင်းကြပ်

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားဆဲဖြစ်သည့် လှိုင်သာယာမြို့နယ်အတွင်း အဆောင်နေသူများ ဧည့်စာရင်းတိုင်ရာတွင် တင်းကြပ်မှုများရှိနေသည်ဟု အဆောင်နေသူများက ပြောသည်။

လှိုင်သာယာမြို့နယ်အတွင်းရှိ လူနေအဆောင်လိုင်းခန်းများကို ပြောင်းရွှေ့လာသူများအနေဖြင့် ယခင်နေထိုင်ခဲ့သည့် ရပ်ကွက်များမှ ထောက်ခံစာယူလာရမည်ဖြစ်ပြီး ဧည့်စာရင်းတိုင်ကြားရာတွင်လည်း လူဦးရေအလိုက် ဓါတ်ပုံများပါပေးရသည်ဟု လှိုင်သာယာမြို့နယ်၊ ၂ ရပ်ကွက်အတွင်းနေထိုင်သည့် အဆောင်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

"ကျမတို့က တောင်ဒဂုံကပြောင်းလာတာလေ။ အဲ့ဒီက ရပ်ကွက်ထောက်ခံစာပြရတယ်။ ဓါတ်ပုံကတော့ ကိုယ်လုံးပေါ်ဓါတ်ပုံ ၂ ပုံ ပေးရတယ်။ သူတို့တစ်ပုံယူတယ်။ ကျမတို့ကို တစ်ပုံပြန်ပေးတယ်" ဟု ၎င်းကဆိုသည်။

အချို့ရပ်ကွက်များတွင် ဧည့်စာရင်းစာရွက်ဖိုးဟုဆိုကာ ငွေကျပ် ၂ သောင်း၊ ၃ သောင်း ရပ်/ကျေးအဖွဲ့သို့ ပေးဆောင်နေရသည်ဟု ပြောဆိုမှုများရှိနေသည်။

"အရင်နေခဲ့တဲ့ရပ်ကွက်က ထောက်ခံစာမပါရင် ဧည့်စာရင်းထုတ်မပေးဘူး။ အရင်ကဆို အဆောင်မှူးလက်မှတ်ပါတာနဲ့ ပြီးပြီ။ အလုပ်ကသီတာပေါ့။ ဟိုရပ်ကွက်ကိုသွားဦး ထောက်ခံစာယူဦး ဒီမှာပြန်လာတိုင်ဦး။ ကျမတို့ရပ်ကွက်က ပိုက်ဆံတော့မပေးရဘူး။ တခြားရပ်ကွက် တစ်ချို့တော့ ပေးရတယ်လို့ကြားတယ်" ဟု မီးခွက်ဈေးအနီးမှ သက် ၃၀ ခန့် အမျိုးသမီးတစ်ဦးက ပြောသည်။

ဧည့်စာရင်းတိုင်ရာတွင် ငွေကြေးပေးဆောင်ရမှုနှင့်ပတ်သက်၍ သတင်းနှင့်မီဒီယာကွန်ရက်က သီးသန့်အတည်ပြုနိုင်ခြင်းမရှိပါ။

လူနေလိုင်းခန်းနှင့် အဆောင်များအား ဧည့်စာရင်းစစ်ဆေးသည့်အခါ တိုင်ကြားထားခြင်းမရှိပါက ၎င်းအဆောင်၊ လိုင်းခန်း၏ တာဝန်ခံမှ တာဝန်ယူရမည်ဖြစ်ကြောင်းကိုလည်း သက်ဆိုင်ရာက သတိပေးထားသည်။

"သန်းခေါင်စာရင်းနဲ့ နေတဲ့သူတွေက ဘာမှမဖြစ်ပေမယ့် အိမ်ငှားနေတဲ့သူတွေအတွက်က အဆင်မပြေကြဘူး။ စက်ရုံတွေပိတ်၊ ဆိုင်ကယ်တွေဖမ်းနဲ့ လှိုင်သာယာက တစ်နေ့လုပ်တစ်နေ့စားတွေ ပိုဆိုးတယ်။ သူတို့ တော်တော်ဒုက္ခရောက်နေပြီ" ဟု လှိုင်သာယာမြို့နယ် ငါးထိပ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

လှိုင်သာယာမြို့နယ်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဖြိုခွဲမှုများ ပြင်းထန်ခဲ့သောကြောင့် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ထားသည့် မြို့နယ်ဖြစ်သည်။

 
 

 

 

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...