ပုလောမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးအိမ် ပေါက်ကွဲမှုဖြစ်

ပုလောမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးအိမ် ပေါက်ကွဲမှုဖြစ်

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်အတွင်းက စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံထားသူ အုပ်ချုပ်ရေးမှူးတစ်ဦး၏နေအိမ်၌ ဇူလိုင်လ ၅ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ပုလောမြို့နယ်ထဲက လက္ကူးကျေးရွာအုပ်ချုပ်ရေးမှူး သက်နိုင်၏နေအိမ်တွင် ဇူလိုင် ၅ ရက်နေ့၊ နံနက်၂ နာရီခွဲအချိန်ခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဗုံးပေါက်သံ အကျယ်ကြီးကြားလိုက်တယ်။ သိပ်မကြာဘူး။ စစ်သား ၇ ယောက်လောက် အုပ်ကြီးသက်နိုင်အိမ်ကို ရောက်လာတယ်၊ ရွာထဲမှာ မသင်္ကာတဲ့အိမ်တွေကို လိုက်လံစစ်ဆေးရှာဖွေနေတယ် အုပ်ချုပ်ရေးမှူးအိမ်ကိုလည်း မနက်ပိုင်းကစပြီး လုံခြုံရေးယူပေးထားတာတွေ့ရတယ်" ဟု လက္ကူးကျေးရွာတွင် နေထိုင်သူတစ်ဦးက အတည်ပြုပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ဦးသက်နိုင်၏ အိမ်ရှေ့ဝရံတာနှင့် အိမ်ရှေ့ခန်းအချို့ ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရ သေဆုံးမှုတော့မရှိကြောင်း သိရသည်။

လက္ကူးကျေးရွာက ဦးသက်နိုင်သည် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ခန့်ထားသည့် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး ကျေးရွာနှင့်ဒေသတွင်းက သတင်းများကို စစ်ကောင်စီကို သတင်းပေးနေသူတစ်ဦးဟု ဒေသခံများ စွပ်စွဲထားသူဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ကလည်း ပုလောမြို့ အမှတ် (၃) ရပ်ကွက်က အုပ်ချုပ်ရေးမှူး၏ သမီးဖြစ်သူ ဆရာမ ဒေါ်အိဇာထွန်းအိမ်လည်း ပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု သိရသည်။

အဆိုပါ လက္ကူးကျေးရွာက ပေါက်ကွဲမှုနှင့်ပတ်သက်၍ မည့်သည့်ဖွဲ့အစည်းက မည့်သည့်အတွက်ကြောင့် ပြုလုပ်သွားသည်ကို ထုတ်ပြန်ကြေညာခြင်းမရှိပါ။

ယခုကာလတွင် ဒေသအနှံအပြား၌ ဗုံးခွဲခြင်းများ၊ ပေါက်ကွဲမှုများ၊ သတင်းပေး (အရပ်သားအခေါ် ဒလန်) သုတ်သင်ခြင်းများသည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုအနေဖြင့် ဖြစ်လာနေပြီး တာဝန်ခံမှု တာဝန်ယူမှုမရှိကြပဲ စစ်ကောင်စီကလည်း နီးစပ်ရာလူများကို ဖမ်းဆီးနှိပ်စက်နေသည့် နောက်ဆက်တွဲကိစ္စရပ်များ ဖြစ်လာနေသည်။

 
 

 

 

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...