ဟုမ္မလင်းမြို့နယ်ကို Stay at Home မြို့နယ်အဖြစ် သတ်မှတ်

ဟုမ္မလင်းမြို့နယ်ကို Stay at Home မြို့နယ်အဖြစ် သတ်မှတ်
ယနေ့ဟုမ္မလင်းမြို့တွင် ကွယ်လွန်သွားသည့် Covid19 အတည်ပြုလူနာ/Credit- အရှင်ပညာဇောတ ဟုမ္မလင်းမြို့
ယနေ့ဟုမ္မလင်းမြို့တွင် ကွယ်လွန်သွားသည့် Covid19 အတည်ပြုလူနာ/Credit- အရှင်ပညာဇောတ ဟုမ္မလင်းမြို့

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် Covid-19 ‌ရောဂါပိုး အတည်ပြုလူနာ (၂၆၅) ဦးထိရှိလာခဲ့ပြီးနောက် Stay at Home မြို့နယ်အဖြစ် ယနေ့ညပိုင်းတွင် သတ်မှတ်ကြေညာခဲ့သည်။

ဟုမ္မလင်းမြို့သည် ဇွန်လတစ်လအတွင်း ကူးစက်လူနာ (၂၂၃) ဦးထိရှိလာခဲ့ခြင်းဖြစ်သည်။

ရောဂါပိုးအတည်ပြုလူနာများထဲမှ ယနေ့ညနေပိုင်းက ရောဂါအခံဖြင့် တစ်ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း စေတနာ့ဝန်ထမ်းများထံမှ သိရသည်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကူးစက်မှုမြင့်သည့် ရပ်ကွက်များကို lockdown ပုံစံဖြင့် ဇွန်လ ၂၈ ရက်နေ့ကတည်းက သတ်မှတ်ထားခဲ့သည်။

မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုးကူးစက်မှုများ ယခုရက်ပိုင်းအတွင်း ပိုမိုမြင့်တက်နေပြီး Stay at Home အစီအစဉ်သတ်မှတ်ထားသည့် မြို့ (၂၃) မြို့ ရှိနေပြီဖြစ်သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...