ဟုမ္မလင်းမြို့နယ်ကို Stay at Home မြို့နယ်အဖြစ် သတ်မှတ်

ဟုမ္မလင်းမြို့နယ်ကို Stay at Home မြို့နယ်အဖြစ် သတ်မှတ်
ယနေ့ဟုမ္မလင်းမြို့တွင် ကွယ်လွန်သွားသည့် Covid19 အတည်ပြုလူနာ/Credit- အရှင်ပညာဇောတ ဟုမ္မလင်းမြို့
ယနေ့ဟုမ္မလင်းမြို့တွင် ကွယ်လွန်သွားသည့် Covid19 အတည်ပြုလူနာ/Credit- အရှင်ပညာဇောတ ဟုမ္မလင်းမြို့

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် Covid-19 ‌ရောဂါပိုး အတည်ပြုလူနာ (၂၆၅) ဦးထိရှိလာခဲ့ပြီးနောက် Stay at Home မြို့နယ်အဖြစ် ယနေ့ညပိုင်းတွင် သတ်မှတ်ကြေညာခဲ့သည်။

ဟုမ္မလင်းမြို့သည် ဇွန်လတစ်လအတွင်း ကူးစက်လူနာ (၂၂၃) ဦးထိရှိလာခဲ့ခြင်းဖြစ်သည်။

ရောဂါပိုးအတည်ပြုလူနာများထဲမှ ယနေ့ညနေပိုင်းက ရောဂါအခံဖြင့် တစ်ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း စေတနာ့ဝန်ထမ်းများထံမှ သိရသည်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကူးစက်မှုမြင့်သည့် ရပ်ကွက်များကို lockdown ပုံစံဖြင့် ဇွန်လ ၂၈ ရက်နေ့ကတည်းက သတ်မှတ်ထားခဲ့သည်။

မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုးကူးစက်မှုများ ယခုရက်ပိုင်းအတွင်း ပိုမိုမြင့်တက်နေပြီး Stay at Home အစီအစဉ်သတ်မှတ်ထားသည့် မြို့ (၂၃) မြို့ ရှိနေပြီဖြစ်သည်။

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...