မြန်မာအိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် လူပေါင်း ၁၃၂ ဦး သေဆုံး

မြန်မာအိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် လူပေါင်း ၁၃၂ ဦး သေဆုံး

မြန်မာအိမ်းနီချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် လူပေါင်း ၁၃၂ ဦး သေဆုံးကြောင်း ဒက္ကားအခြေစိုက် The Independent တွင် သတင်းဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ဆောင်မှုများ ညွှန်ကြားမှုဦးစီးဌာနမှ သောကြာနေ့ထုတ်ပြန်ချက်တွင် ၂၄ နာရီအတွင်း လူသေဆုံးမှု ၁၃၂ ဦးရှိကြောင်း ဖော်ပြထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူမှာ စုစုပေါင်း ၁၄၇၇၈ ဦးရှိသွားပြီဟု သိရသည်။

ထို့အပြင် ၈,၄၈၃ တွင် Positive ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူမှာ ၉,၃၀,၀၄၂ အထိ ရှိလာသည်ဟု သိရသည်။

ထို့အပြင်ပြီးခဲ့သည့် ၂၄ နာရီအတွင်း ပြန်လည်သက်သာကောင်းမွန်လာသူမှာ ၄,၅၀၉ ယောက်ရှိပြီး စုစုပေါင်း ပြန်လည်ကျန်းမာရေးကောင်းလာသူမှာ ၈,၂၅,၄၂၂ အထိရှိသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

 
 

 

 

August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...