မြန်မာအိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် လူပေါင်း ၁၃၂ ဦး သေဆုံး

မြန်မာအိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် လူပေါင်း ၁၃၂ ဦး သေဆုံး

မြန်မာအိမ်းနီချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် လူပေါင်း ၁၃၂ ဦး သေဆုံးကြောင်း ဒက္ကားအခြေစိုက် The Independent တွင် သတင်းဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ဆောင်မှုများ ညွှန်ကြားမှုဦးစီးဌာနမှ သောကြာနေ့ထုတ်ပြန်ချက်တွင် ၂၄ နာရီအတွင်း လူသေဆုံးမှု ၁၃၂ ဦးရှိကြောင်း ဖော်ပြထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူမှာ စုစုပေါင်း ၁၄၇၇၈ ဦးရှိသွားပြီဟု သိရသည်။

ထို့အပြင် ၈,၄၈၃ တွင် Positive ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူမှာ ၉,၃၀,၀၄၂ အထိ ရှိလာသည်ဟု သိရသည်။

ထို့အပြင်ပြီးခဲ့သည့် ၂၄ နာရီအတွင်း ပြန်လည်သက်သာကောင်းမွန်လာသူမှာ ၄,၅၀၉ ယောက်ရှိပြီး စုစုပေါင်း ပြန်လည်ကျန်းမာရေးကောင်းလာသူမှာ ၈,၂၅,၄၂၂ အထိရှိသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

 
 

 

 

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...