မွန်ပြည်နယ် COVID-19 ကူးစက်မှု ဆက်လက်မြင့်တက်၊ သေဆုံးသူများလာ

မွန်ပြည်နယ် COVID-19 ကူးစက်မှု ဆက်လက်မြင့်တက်၊ သေဆုံးသူများလာ

မွန်ပြည်နယ်အတွင်း COVID-19 ကပ်ရောဂါကူးစက်မှုများ မြင့်တက်နေပြီး အတည်ပြုလူနာ ၁၇ ဦးအထိ သေဆုံးသွားသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၃ ရက်နေ့ တစ်ရက်တည်းတွင် COVID-19 အတည်ပြုလူနာ ၅ ဦး ဆက်တိုက်သေဆုံးခဲ့သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန မှ သိရသည်။

ဇွန်လဆန်းပိုင်းခန့်မှစ၍ ပြည်နယ်အတွင်း COVID-19 ကူးစက်လူနာများ ဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် တစ်လကျော်အတွင်း၌ အတည်ပြုလူနာ ၅၀၀ ကျော်အထိ တိုးလာသည့်အပြင် သေဆုံးသူလည်း ၁၇ ဦးအထိ ရောက်ရှိလာခဲ့သည်။

ကနဦးက သေဆုံးလူနာများသည် ရောဂါအခံရှိသည့် အသက် ၅၀ နှစ်နှင့်အထက် အသက်ကြီးသူများသာဖြစ်သော်လည်း ယခုအခါ လူလတ်ပိုင်းအရွယ် လူနာအချို့လည်း သေဆုံးမှုရှိလာခဲ့သည်။

“သေဆုံးတဲ့လူတွေက ကာကွယ်ဆေးထိုးမထားတဲ့ အရင်ရောဂါအခံရှိတဲ့လူတွေကို တွေ့ရပါတယ်။ ရောဂါဒဏ်ကို မခံနိုင်လို့ အသက်ဆုံးရှုံးဆုံးကြရတယ်” ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ် ၁၀ မြို့နယ်လုံးတွင် COVID-19 ရောဂါ ကူးစက်မှုများရှိနေပြီး ကူးစက်မှုအများဆုံးကတော့ မော်လမြိုင်နှင့် သံဖြူဇရပ်မြို့နယ်တို့ဖြစ်ပြီး၊ သံဖြူဇရပ် တစ်မြို့နယ်တည်းတွင် COVID-19 အတည်ပြုလူနာ ၃၅၀ ကျော်ရှိနေသည်။

ကိုဗစ်အတည်ပြုလူနာများကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Isolation Ward-3 (သီးသန့်ဆောင်-၃) နှင့် Isolation Ward-1 (သီးသန့်ဆောင် ၁) တို့အပြင် မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင်နှင့် မြို့နယ်အသီးသီးတို့တွင်လည်း ဆေးကုသပေးနေသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ပြည်နယ်အတွင်း COVID-19 ကူးစက်မှုနှုန်း အရမ်းမြန်နေသည့်အနေအထားကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးအသိရှိကြရန် ကိုဗစ်စည်းကမ်း သတ်မှတ်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

ပြည်နယ်အတွင်း ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မော်လမြိုင်၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်ရောင်းချခြင်းမပြုပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စာထုတ် ညွှန်ကြားထားသည်။

ထို့အပြင် ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း ဇူလိုင် ၁ ရက်နေ့မှစပြီး ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ ဝင်ခွင့်ပြုရန် ကန့်သတ်လိုက်သည်။

ကျန်းမာရေးစစ်ဆေးမှုအတွက် ကုန်ကျမည့် စစ်ဆေးစရိတ်ကိုလည်း ကာယကံရှင်က ပေးရမှာဖြစ်ပြီး၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ မွန်ပြည်နယ်သို့ Stay at Home (အိမ်ပြင်မထွက်ရ) သတ်မှတ်မြို့နယ်များမှ လာရောက်သူများသည်လည်း သတ်မှတ်ထားသည့်နေရာတွင် (၁၀) ရက် Quarantine (သီးခြားခွဲနေထိုင်မှု) ဝင်ရမည်ဖြစ်ပြီး ရောဂါပိုးရှိ/မရှိ နှစ်ကြိမ်စစ်ဆေးခံရမည်ဖြစ်သည်။

 
 

 

 

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...